ပရိသတ်ကြီးအတွက် ဒီတစ်ခါ ဖော်ပြပေးချင်တာကတော့ မွေးကတည်းက ဦးနှောက်မပါလာတဲ့ ထူးဆန်းတဲ့ ကလေးတစ်ယောက်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီကလေးလေးရဲ့ နာမည်က Noah ဖြစ်ပြီး မွေးကတည်းက hydrocephalus လို့ခေါ်တဲ့ ရောဂါကြောင့် ဦးနှောက်လုံး၀ မပါလာပါဘူး ။ သို့သော်လည်း သူ့ကို မွေးပေးတဲ့ ဆရာဝန်တွေ က ကြိုးစားပမ်းစား မွေးထုတ်ပေးခဲ့တာကြောင့် Noah ကလေးဟာ လူ့လောကထဲကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
ဦးနှောက်မပါပဲ မွေးဖွားလာတဲ့ အတွက်ကြောင့် Noah ကလေးဟာ သူ့ခန္ဒာကိုယ်ကိုတောင် တည့်မတ်စွာ မရပ်နိုင်တဲ့အပြင် လမ်းလည်း မလျှောက်နိုင်ပါဘူး။ Noah ကလေးရဲ့ အမေကတော့ ကိုယ်ဝန်ဆောင်စဉ်ကတည်းက အန္တရာယ်ရှိနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးခဲ့ပေမယ်လည်း Noah ကလေးကို ခက်ခက်ခဲခဲ မွေးခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ Noah ကလေးဟာ သူ့အမေရဲ့ စိတ်၇ှည်လက်ရှည်ပြုစု ပျိုးထောင်ပေးမှုတွေကြောင့် သူ့ရဲ့နာမည် အသံထွက်ကိုလည်း ခေါ်တတ်နေပါပြီ။
သူ့အမေရဲ့ လက်ကလေးကိုကိုင်ပြီး သူ့နာမည်ကိုလည်း ချရးနေတတ်နေပြီပဲ ဖြစ်ပါတယ်။ ဘဝပေးကံမကောင်းလို့ အခုဘဝမှာ ဒီလို သနားစရာ အဖြစ်မျိုးနဲ့ မွေးဖွားလာပေမယ့်လည်း Noah ကလေးကို သူ့ရဲ့ မိဘတွေက အချစ်တွေမလျော့တဲ့အပြင် ပိုပီးတိုးလို့တောင် ချစ်လာနေပါသေးတယ်။ အခုအခါမှာတော့ Noah ကလေးဟာ လူချစ်လူခင် များတဲ့ ကလေးလေး အဖြစ် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေပြီး အမြဲတမ်းပြုံးနေတတ်တဲ့ သူ့ပုံစံလေးကလည်း တွေ့တဲ့သူတိုင်းကို မချစ်ပဲ မနေနိုင်အောင် ဖြစ်စေခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Cracked