R ဇာနည်နဲ့အတူဖွင့်လှစ်ထားတဲ့ သူတို့ရဲ့ရေကစားကွင်းကြီးမှာ ဆုံးရှုံးမှုတွေကြုံနေရကြောင်း လက်ရှိအခြေအနေကိုပြသလိုက်တဲ့ ရန်ရန်ချမ်း

//s9.kh1.co/b6/b6d8ddc8ff5d538d0533a78e2ee39ac9a372b5f6.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

R ဇာနည်နဲ့အတူဖွင့်လှစ်ထားတဲ့ သူတို့ရဲ့ရေကစားကွင်းကြီးမှာ ဆုံးရှုံးမှုတွေကြုံနေရကြောင်း လက်ရှိအခြေအနေကိုပြသလိုက်တဲ့ ရန်ရန်ချမ်း

အဆိုတော် ရန်ရန်ချမ်းကတော့ ဂီတလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်အောင်မြင်လာခဲ့သူဖြစ်ပြီး တကယ်တော်လို့ အားလုံးက လေးစားချစ်ခင်ကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ရန်ရန်ချမ်းက "The Voice myanmar" သီချင်းဆိုပြိုင်ပွဲကြီးမှာလည်း ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသတဲ့ ရန်ရန်ချမ်းက သူချစ်ရတဲ့မိသားစုလေးကို အကောင်းဆုံး စောင့်ရှောက်မှုတွေပေးနေတာလည်း ဖြစ်ပါတယ် 

Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc

ရန်ရန်ချမ်းကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း များပြားတာကြောင့် သူ့အနေနဲ့ အောင်မြင်မှုတွေဆက်လက်ရရှိနေတာ ဖြစ်ပါတယ် ။ ရန်ရန်ချမ်းက အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်သလို ကိုယ်ပိုင်စီးပွားရေးမှာလည်း အာရုံစိုက်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။ အခုလည်း ရန်ရန်ချမ်းက သူနဲ့ R ဇာနည်တို့ဖွင့်လှစ်ထားတဲ့ "Aqua Village Water Park " က အခုချိန်မှာ ဆုံးရှုံးမှုတွေနဲ့ကြုံနေရကြောင်း လက်ရှိအခြေအနေလေးကို ပြသလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc

ရန်ရန်ချမ်းက "လူတွေမြင်နေရတဲ့ ကိုယ့်အလုပ်က တက်ကြွပျော်ရွှင်ရတဲ့ အလုပ်မျိုးလုပ်သူပေါ့ လူတွေမမြင်ရတဲ့ ကိုယ်တွေရဲ့ဆုံးရှုံးမှုတွေကအဲ့မှာမြင်တဲ့အတိုင်းပဲ ဧကချီတဲ့ကစားကွင်းကြီးပိုင်တဲ့သူမဟုတ်သလို ဂျုံရုပ်လုပ်ရောင်းတဲ့သူလည်းမဟုတ်ပြန်တော့ အစိုးရကကူတဲ့လုပ်ငန်းရှင်စာရင်းမှာလည်းမပါဘူး" ဆိုပြီး ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။ တစ်ချိန်ကကြက်ပျံမကျစည်ကားခဲ့တဲ့ ရေကစားကွင်းကြီးကို အခုလိုမြင်တွေ့ရတဲ့အတွက် ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ ကဲ ရန်ရန်ချမ်းကိုယ်တိုင်ရိုက်ကူးပြီး တင်ပေးထားတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Yan Yan Chan's FB Acc

Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc
Photo Credit-Yan Yan Chan's FB Acc

(ဗီဒီယိုကြည့်ရန် အောက်ပါလင့်ကို Selectလုပ်ပြီးလျှင် FB ကိုရွေး၍ဖွင့်ပါ)

https://www.facebook.com/106559704436097/posts/218149059943827/

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T