Joox က ချီးမြှင့်တဲ့ Popular Song Of The Year အဖြစ် "ဘဝအဆက်ဆက်" သီချင်းနဲ့ ဆုရရှိခဲ့လို့ ဝမ်းသာပျော်ရွှင်နေတဲ့ အိမ့်ချစ်

//s9.kh1.co/3c/3c3541d9cf41754ab80197d850afdd02f71297fd.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကဲ..ပရိသတ်ကြီးရေ အဆိုတော် အိမ့်ချစ်က တော့ ယခုနှစ်သစ်အစမှာ Joox က ချီးမြှင့်တဲ့ 2020 ခုနှစ်ရဲ့ တစ်နှစ်တာ ရေပန်းအစားဆုံးသီချင်းအဖြင့် "ဘဝအဆက်ဆက်" သီချင်းနဲ့ ဆုရရှိခဲ့ပါတယ်။ ပထမနှစ်ဝက်တုန်းကလည်း အိမ့်ချစ်ဟာ " နည်းနည်းလေးချစ်ပေးပါ" သီချင်းလေးနဲ့လည်း ဆုရရှိခဲ့ပါသေးတယ်။ ယခုလို နှစ်သစ်မှာ ဆုရရှိခဲ့တာကြောင့် ဝမ်းသာပျော်ရွှင်ပြီး ပရိသတ်တွေကို အသိပေးပြောလာခဲ့ပါတယ်။

Photo Credit - Eint Chit fb page
Photo Credit - Eint Chit fb page
Photo Credit - Eint Chit fb page
Photo Credit - Eint Chit fb page

" ပရိသတ်တွေကြောင့် နှစ်သစ်မှာ ရွှေဆုလေးရခဲ့ပါပြီ 2020 တစ်နှစ်တာလုံးအတွက် Joox ရဲ့Popular Song Of The Year အဖြစ် "ဘဝအဆက်ဆက်"သီချင်းလေးရရှိခဲ့တဲ့အတွက် အရမ်းကိုဝမ်းသာရပါတယ်.......ပရိသတ်ကပေးတဲ့ဆုမို့ ပိုလို့ပျော်ရပါတယ် ....အတူတူဆုရခဲ့တဲ့အခြားသော အနုပညာမောင်နှမများလည်း congratulations ပါရှင်.... ဒီသီချင်းလေးကို Music ရော Mastering ရော သေချာလုပ်ပေးခဲ့တဲ့ အိမ့်ချစ်ရဲ့ Music Producer ကို Myo Zaw Htetကိုလဲကျေးဇူးအများကြီးတင်ပါတယ်....

Photo Credit - Eint Chit fb page
Photo Credit - Eint Chit fb page
Photo Credit - Eint Chit fb page
Photo Credit - Eint Chit fb page

ရွှေဆုပေးပါသော JOOX Myanmarကိုလည်းအထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်... ပရိသတ်တွေသာ နားမဆင်ခဲ့ရင် ဒီလိုဆုလဲရမှာမဟုတ်ပါဘူး ပထမနှစ်ဝက်မှာလည်း ပရိသတ်တွေကြောင့်ပဲ "နည်းနည်းလေးချစ်ပေးပါ " သီချင်းကရွှေဆုရခဲ့ပါသေးတယ်.....အဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ဒီနှစ်အတွက်လည်း သီချင်းကောင်းတစ်ပုဒ် ထပ်ပေးဖို့ပြင်ဆင်နေပြီနော် " ဆိုပြီးရေးသားထားပါတယ်။ ချစ်ပရိသတ်တွေလည်း အိမ့်ချစ်နဲ့အတူ ထပ်တူကျဝမ်းသာပျော်ရွှင်မယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit - Eint Chit fb page
Photo Credit - Eint Chit fb page
Photo Credit - Eint Chit fb page
Photo Credit - Eint Chit fb page

သတင်း အရင်းအမြစ်Source - Eint Chit fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T