ထွန်းကိုကိုရဲ့ အရမ်းကိုပေးဆပ်တတ်တဲ့ အကြောင်းတွေကို စုံစုံလင်လင်ပြောပြကာ ချီးကျူးစကားလေးဆိုခဲ့တဲ့ ဦးကျော်သူ

//s9.kh1.co/ad/ada9629c605cba2688c0372efa51b66825006cc4.jpeg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

......

ဦးကျော်သူကတော့ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို များစွာ ရိုက်ကူးထားပြီး သူ့ရဲ့ သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်ချက်တွေကြောင့်လည်း အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့သူပဲဖြစ်ပါတယ်။

Photo Credit : Kyaw Thu Facebook Account
Photo Credit : Kyaw Thu Facebook Account
Photo Credit : Kyaw Thu Facebook Account
Photo Credit : Kyaw Thu Facebook Account

အနုပညာအလုပ်တွေကို အရင်ကထက် မလုပ်ကိုင်တော့ပေမယ့်လည်း ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် ဖြည်းဖြည်းမှန်မှန် နဲ့သာ လုပ်ကိုင်နေတာပါ ။ ဘာသာတရားကိုလည်း အထူးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး အလှူအတန်းတွေကို တက်နိုင်သလောက်ပါဝင် လှူဒါန်းပေးတာတွေလည်း တွေ့ရပါတယ်။

Photo Credit : Kyaw Thu Facebook Account
Photo Credit : Kyaw Thu Facebook Account
Photo Credit : Kyaw Thu Facebook Account
Photo Credit : Kyaw Thu Facebook Account

ဒီနေ့လေးမှာတော့ သူနဲ့အတူ ပရဟိတအလုပ်တွေကို အတူတကွကျုယ်ကျိုးစွန့်လုပ်ဆောင်ပေးနေတဲ့ ထွန်းကိုကိုရဲ့ ပေးဆပ်တတ်တဲ့ စိတ်စေတနာ အကြောင်းလေးတွေကို ခုလိုရေးသားဖော်ပြခဲ့တာတွေ့ရပါတယ်။ "ပရဟိတလောကထဲလည်း ထဲထဲ၀င်၀င်ပေးဆပ် ဟန်ဆောင် မလုပ်တဲ့သူ။ အနုပညာလောကမှာလည်း နက်နက်ရှိုင်းရှိုင်း စိတ်နှစ်ထားသူ။ ဂီတနဲ့ပါတ်သက်၍ လည်း ကြိုးကြိုးစားစား သံစဉ်လိုက်သူ။ ပရိသတ်အပေါ်လည်း ပျော်ပျော်ရွှင်ရွှင်ကိန်းခန်း မကြီးသူ။ဘာသာရေးမှာလည်း ရိုရိုသေသေကိုင်းရှိုင်းတတ်သူ။ အပေါင်းအဖေါ်ကြီးငယ်မရွေးရိုသေ ဖေါ်ရွေ တတ်သူ။ ကောင်းသောဂုဏ်ပုဒ် ကဗ္ဗည်းတွေတင်ထားပြီးတဲ့ ထွန်းကိုကို။ မင်္ဂလာရှိသောမွေးနေ့ကစပြီး မင်္ဂလာရှိသော သမိုင်းမှတ်တိုင်တွေ ဆက်ကာဆက်ကာ စိုက်ထူနိုင်ပါစေ မေတ္တာများစွာဖြင့် (ဦး)ကျော်သူ" ဆိုတဲ့စာလေးနဲ့အတူ ပုံလေးတွေကိုပါဝေမျှထားရာလေးစားမိလွန်းတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Kyaw Thu Facebook Account
Photo Credit : Kyaw Thu Facebook Account
Photo Credit : Kyaw Thu Facebook Account
Photo Credit : Kyaw Thu Facebook Account

Source & Photo Credit : Kyaw Thu Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T