ဇနီးချောလေးရဲ့မွေးနေ့အတွက် အမှတ်တရလေးတွေနဲ့ ချစ်စရာကောင်းအောင် မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတဲ့ ဘုန်းလျှံ

//s9.kh1.co/e4/e4b5f8aa9f9c6ae145fb0820d6a0a40c526dddcf.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

သဘာဝမင်းသားလို့တောင် ချစ်တဲ့ပရိသတ်တွေက ခေါ်တတ်ကြတဲ့ ဘုန်းလျှံ ကတော့ အောင်မြင်မှုရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘုန်းလျှံ က ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ ရပ်တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေလည်းကြိုးစားလုပ်ကိုင်နေသလို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုလည်း လုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo Credit- Bhone Hlyan fb account
Photo Credit- Bhone Hlyan fb account
Photo Credit- Bhone Hlyan fb account
Photo Credit- Bhone Hlyan fb account

ဒါ့အပြင် ဘုန်းလျှံ က သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို မကြာသေးခင်ကမှ တည်ဆောက်ထားပြီး ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေထိုင်တာ ဖြစ်ပါတယ်။ ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာတော့ ဇနီးချောရဲ့ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့လေးကို ကျရောက်ခဲ့ပါတယ်။ ဇနီးချောလေးအတွက်လည်း ဘုန်းလျှံ က သူ့ရဲ့ လူမှုကွန်ယက်မှာ ချစ်စရာကောင်းတဲ့ အမှတ်တရ ပုံလေးတွေနဲ့မွေးနေ့ဆုမွန်ကောင်း တောင်းပေးထားခဲ့ပါတယ်။

Photo Credit- Bhone Hlyan fb account
Photo Credit- Bhone Hlyan fb account
Photo Credit- Bhone Hlyan fb account
Photo Credit- Bhone Hlyan fb account

"Happy birthday မိန်းမ..love u so much" ဆိုပြီး ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ ဘုန်းလျှံ ကတော့ ဇနီးချောလေးကို အမြဲလိုလိုဂရုစိုက်ကြင်နာပြီး အိမ်ထောင်ဦးစီးပီသတဲ့ ယောကျာ်းကောင်းဆိုရင်လည်း မမှားပါဘူး။ ကဲ...ပရိသတ်တွေလည်း ဘုန်းလျှံ တို့ဇနီးမောင်နှံလေးကို ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို အမြဲပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦး။

သတင်း အရင်းအမြစ်Source - Bhone Hlyan fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T