ချစ်ပရိသတ်ကြီးရေ မင်းသားချောလေး ပိုင်တံခွန်ကတော့ မိန်းမလှလေးတွေရဲ့ အားပေးမှုကို အခိုင်အမာရ ရှိထားသူပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက မိန်းကလေးပရိသတ်တွေကြားမှာပါ အကြီးအကျယ်အောင်မြင်နေတဲ့ ပိုင်တံခွန်ကတော့ မျက်နှာပွင့်တဲ့ ကိုလူချောလေးတစ်ယောက် ဖြစ်ပါတယ်။ အရပ်ရှည်ပြီး Body တောင့်တဲ့ပိုင်တံခွန်က မိန်းကလေးတွေကြွေမယ်ဆိုရင်လည်း ကြွေလောက်ပါတယ်နော်။
ပိုင်တံခွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လက်ရှိမှာတော့ ပိုင်တံခွန်က ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးပြီး အောင်မြင်မှုတွေရရှိနေတာ ဖြစ်ပါတယ် ။ အလုပ်တွေကြိုးစားလုပ်ကိုင်သလို မိဘကိုလည်း သိတတ်လိမ္မာတဲ့ သားလေးအဖြစ် ပရိသတ်တွေကြား နာမည်ကျော်ကြားတာလည်းတွေ့ရပါတယ်။
အခုမှာတော့ ပိုင်တံခွန်ရဲ့ အောင်မြင်မှုဟာတရုတ်နိုင်ငံက မိန်းမလှလေးတွေအထိပါရောက်ရှိလို့သွားခဲ့ပါပြီနော်။ ဒီနေ့ဆိုလည်းစင်္ကာပူရဲ့ သတင်းစာတစ်ခုမှာ သူရဲ့အကြောင်းကို သေသေချာချာဖော်ပြခြင်းခံခဲ့ရပါတယ်။ ဒါ့အပြင် weibo hot search မှာတောင် No 20 ဝင်ခဲ့တဲ့ထိအောင်ပါပဲနော်။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်လွန်းတာကြောင့် မျှဝေပေးလိုက်ပါရစေ။ သူငယ်ချင်းတို့လည်း တံခွန်လေး ပိုအောင်မြင်အောင် ဝိုင်း support ပေးလိုက်ကြပါအူးနော်။
Source : Paing Takhon International FC Facebook Page