Super Model တစ်ယောက်အဖြစ် မော်ဒယ်လ်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အောန်ဆိုင်းကတော့ ကချင်တိုင်းရင်းသူလေးပဲ ဖြစ်ပါတယ် ။ အောန်ဆိုင်းက အသားအရေလှပသလို ခန္ဓာကိုယ်အချိုးအစားကလည်း လုံးဝအမိုက်စားဖြစ်နေပြီး မော်ဒယ်လ်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ စံနှုန်းတွေနဲ့ကိုက်ညီနေတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း အောန်ဆိုင်းက အနုပညာအလုပ်တွေကို Professional ပီပီ အကောင်းဆုံးလုပ်ကိုင်ပြီး အောင်မြင်နေတာ ဖြစ်ပါတယ် ။
အောန်ဆိုင်းက လွတ်လပ်ပေါ့ပါးတဲ့ ကိုယ်ပိုင်စတိုင်လ်နဲ့ အေးအေးဆေးဆေး နေတတ်သူဖြစ်ပြီး အမြဲတမ်း ဖက်ရှင်ကျကျ လှပနေတာ ဖြစ်ပါတယ် ။ မကြာသေးခင်ကမှ အချစ်ရေးနဲ့ပတ်သက်ပြီး ဖွင့်ချပြခဲ့တဲ့ အောန်ဆိုင်းက သူမလက်ထပ်မယ့်ချစ်သူကို ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ အခုလည်း အောန်ဆိုင်းက ချစ်သူအပါအဝင် သူမရဲ့ညီမလေးတွေနဲ့အတူ ပိတ်ရက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပုံလေးကို ဗီဒီယိုရိုက်ပြထားတာ ဖြစ်ပါတယ် ။
အောန်ဆိုင်းက အိမ်ထဲမှာပဲ အနေများတဲ့ ညီမလေးနှစ်ယောက်ကို ကိုယ်လက်လှုပ်ရှားမှုရှိအောင် အားကစားလုပ်ဖို့ သူမရဲ့ချစ်သူက သင်ကြားပေးနေတာဖြစ်ကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ် ။စေတနာထားပြီး စိတ်ရှည်လက်ရှည်နဲ့ English လို သေသေချာချာရှင်းပြနေတဲ့ သူမရဲ့ခင်ပွန်းလောင်းကိုကြည့်ရင်း အောန်ဆိုင်းတစ်ယောက် သဘောကျနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အောန်ဆိုင်းတို့စုံတွဲရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Video Credit-Awn Seng's IG Story