ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတဲ့ကလေးဖြစ်လို့ (၁)နှစ်ကျော်အရွယ်လေးနဲ့တင် သူ့ရဲ့နာမည်ကိုတောင် ပီပီသသပြောနိုင်နေတဲ့ Treasureလေးရဲ့ဗီဒီယို

//s9.kh1.co/93/9345ee880883123181a8ea1bfda80f1361132217.jpg
အနုပညာရှင်များ

 ၁၆-ဇန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတဲ့ကလေးဖြစ်လို့ (၁)နှစ်ကျော်အရွယ်လေးနဲ့တင် သူ့ရဲ့နာမည်ကိုတောင် ပီပီသသပြောနိုင်နေတဲ့ Treasureလေးရဲ့ဗီဒီယို

ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ သမီးချောလေးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်က လက်တလောမှာဆိုရင် အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်ပြန်လည်လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။စန္ဒီမြင့်လွင်ရဲ့အမျိုးသား ကိုသီဟလွင်ကလည်း ချစ်ဇနီးရဲ့အနုပညာအလုပ်တွေကို နားလည်မှုအပြည့်ပေးပြီး နောက်ကွယ်ကနေတတ်နိုင်သလောက်ပံ့ပိုးပေးနေတာဖြစ်ပါတယ်။

Photo Credit:Sandy Myint Lwin's Facebook page
Photo Credit:Sandy Myint Lwin's Facebook page
Photo Credit:Sandy Myint Lwin's Facebook page
Photo Credit:Sandy Myint Lwin's Facebook page

စန္ဒီမြင့်လွင်ရဲ့သမီးချောလေး Treasureကိုလည်း ပရိသတ်တွေကအရမ်းချစ်နေကြလို့ သူ့ရဲ့လှုပ်ရှားမှုတိုင်းကို အမြဲမပျက်စောင့်ကြည့်နေကြတာဖြစ်ပါတယ်။Treasureလေးက (၁)နှစ်နဲ့(၆)လအရွယ်ကို ရောက်ရှိနေပြီး ဖေဖေနဲ့မေမေ့ရဲ့ဂရုစိုက်စောင့်ရှောက်မှုတွေကြောင့် ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာတာဖြစ်ပါတယ်။Treasureလေးကတော့ တဖြည်းဖြည်းကြီးလာလေ မေမေနဲ့ပိုတူလာလေဖြစ်လို့ ချစ်မွေးအပြည့်ပါတဲ့ကလေးလေးဖြစ်ပါတယ်နော်။ 

Photo Credit:Sandy Myint Lwin's Facebook page
Photo Credit:Sandy Myint Lwin's Facebook page
Photo Credit:Sandy Myint Lwin's Facebook page
Photo Credit:Sandy Myint Lwin's Facebook page

စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံရဲ့ နှစ်ကိုယ်တူဘဝလေးက သမီးလေးကြောင့် ပိုမိုပြည့်စုံသွားပြီး အမြဲပျော်ရွှင်နေရတာဖြစ်ပါတယ်။မေမေစန္ဒီမြင့်လွင်ကလည်း သမီးလေးကို အစစအရာရာသေချာဂရုစိုက်ပေးလို့ Treasureလေးက ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစွာနဲ့ ကြီးပြင်းလာတာဖြစ်ပါတယ်။အခုဆိုရင်တော့ Treasureလေးက (၁)နှစ်ကျော်အရွယ်လေးနဲ့တင် သူ့ရဲ့နာမည်လေးကို ပီပီသသပြောနိုင်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ 

Photo Credit:Thiha Lwin's Instagram account
Photo Credit:Thiha Lwin's Instagram account

Photo Credit:Sandy Myint Lwin's Facebook page

Source&Video Credit:Sandy Myint Lwin's Facebook page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T