အဆိုတော် ခင်ဘုဏ်းကတော့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေတာ ဖြစ်ပြီး အခုလက်ရှိမှာတော့ ချစ်ခင်ပွန်းနဲ့ အတူ အမေရိကန်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။သူမကတော့ မြန်မာပြည်ကို ပြန်လာတဲ့ အခါတိုင်း အနုပညာအလုပ်တွေကို လုပ်လေ့ရှိတဲ့ သူလေးပဲ ဖြစ်ပါတယ်။ခင်ဘုဏ်းရဲ့ သီချင်းတွေဟာ တစ်ခေတ်တစ်ခါက လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တာ ဖြစ်ပြီး လက်ရှိချိန်ထိလည်း သူမကို အားပေးချစ်ခင်နေကြတုန်း ဖြစ်ပါတယ်။
ခင်ဘုဏ်းကတော့ သီချင်းအသစ်လေးကို ထွက်ရှိထားတာ ဖြစ်ပြီး ပရိသတ်တွေ အတွက် ရရင်ရသလို အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာ ဖြစ်ပြီး သူမရဲ့ သီချင်းအသစ်တွေကိုလည်း ပရိသတ်တွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ခင်ဘုဏ်းကတော့ ပျော်ရွှင် ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကာ ချစ်ခင်ပွန်းကလည်း သူမကို ဂရုစိုက်ပြီး ချစ်ခင်ကာ အိမ်ထောင်ဦးစီးတာဝန်လည်း ကျေပွန်ကာ ခင်ဘုဏ်းကလည်း အိမ်ထောင်ရှင်မကောင်း ပီသပါတယ်နော်.....။
ဒီနေ့လေးမှာတော့ သူမရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင် "ချစ်သူနဲ့ လက်ထပ်တာ ဆယ်နှစ်ပြည့် အထိမ်းအမှတ်လေး Anniversary Photo Shoot လေးပါ"ဆိုတဲ့စာသားလေးနဲ့ အတူ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက် မျှဝေပေးလာတာ ဖြစ်ပါတယ်။ကဲ.....ချစ်ပရိသတ်တွေ အတွက် ခင်ဘုဏ်းတို့ရဲ့ အပျော်လေးတွေ ကူးစက်စေရန် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ခင်ဘုဏ်းတို့ဇနီးမောင်နှံကိုလည်း ထပ်ပြီးချစ်ခင် အားပေးလိုက်ကြပါဦးနော်......။
သတင်း အရင်းအမြစ်៖ Khin Bone Pyi FB Account