သီးပင်စားပင်တွေစိုက်ပျိုးထားသော မြေဧကများစွာကျယ်ဝန်းလှတဲ့ သူမရဲ့ခြံလေးကို ပြသလိုက်တဲ့မအေးသောင်းရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/bd/bdbe02b533aefc0e5dc39a02e89263ed6f82c0c6.jpeg
အနုပညာရှင်များ

 ၁၇-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

မအေးသောင်းလို့  ပရိသတ်တွေက  ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့  သရုပ်ဆောင်  မင်းသမီးချောလေး  အေးဝတ်ရည်သောင်းကတော့  အနုပညာသက်တမ်းတစ်လျှောက်  အောင်မြင်မှုတွေရရှိအောင်  ကိုယ်တိုင်အားထုတ်ကြိုးစားခဲ့သူတစ်ဦးလည်း  ဖြစ်ပါတယ်။   မအေးသောင်းဟာ  မြန်မာဝတ်စုံလေးတွေကိုသာလိုက်ဖက်ညီအောင်  ဝတ်ဆင်တတ်ပြီး  အခြားဖက်ရှင်လေးတွေကိုလည်း  ခပ်မိုက်မိုက်လေးဖြစ်အောင်  ဝတ်စားတတ်သူလေးလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေကတော့  မအေးသောင်းကို  ဘယ်လိုပုံစံလေးနဲ့ပဲ  ဖြစ်ဖြစ်ကို  ချစ်ခင်အားပေးနေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd- Aye Wutyi Thaung’s Facebook Page 

သူမဟာ  လတ်တလောမှာတော့ ပြင်ဦးလွင်မြို့ကို  ရုပ်သံဇာတ်လမ်းတွဲတစ်ခု  ရိုက်ကူးရန်  ရောက်ရှိနေတာပဲ  ဖြစ်ပါတယ်။  ဒီဇာတ်လမ်းတွဲကိုတော့  သရုပ်ဆောင်  မြင့်မြတ် ၊ နေခြည်ဦးတို့နဲ့အတူ  တွဲဖက်သရုပ်ဆောင်ရမှာဘဲ  ဖြစ်ပါတယ်။  နားရက်လေးမှာတော့  ပြင်ဦးလွင်မှာရှိတဲ့  သူမရဲ့ခြံလေးထဲမှာ  အနားယူလေ့ရှိတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  မအေးသောင်းရဲ့  လူမှုကွန်ယက်စာမျက်နှာမှာ  ဗီဒီယိုလေးတွေ  တင်ထားတာပဲ   ဖြစ်ပါတယ်။

Photo Crd- Aye Wutyi Thaung’s Facebook Page 
Photo Crd- Aye Wutyi Thaung’s Facebook Page 
Photo Crd- Aye Wutyi Thaung’s Facebook Page 
Photo Crd- Aye Wutyi Thaung’s Facebook Page 
Photo Crd- Aye Wutyi Thaung’s Facebook Page 
Photo Crd- Aye Wutyi Thaung’s Facebook Page 

ဒါကတော့  ဧကများစွာကျယ်ဝန်းလှတဲ့သူမရဲ့ခြံအတွင်းကစတော်ဘယ်ရီစိုက်ခင်းလေးကိုပြသလိုက်တဲ့မအေးသောင်းရဲ့ဗီဒီယိုဖိုင်လေးတွေပဲ  ဖြစ်ပါတယ်။မအေးသောင်းဟာ  သူမရဲ့ခြံထွက်  စတော်ဘယ်ရီလေးတွေကိုအရသာရှိရှိသုံးဆောင်နေတာကိုလည်း  မြင်တွေ့ရမှာဘဲ  ဖြစ်ပါတယ်။  သူမကလည်း "မင်းရဲ့ ကဗျာတွေ စာတွေလှအောင် 

ငါ့နှလုံးသားကို ခဏခဏမနင်းချချင်ပါနဲ့ ?" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေလည်း  ကြည့်ရှုခံစားနိုင်အောင်  မအေးသောင်းရဲ့ ဗီဒီယိုဖိုင်လေးကို တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd- Aye Thaung’s and Aye Wutt Yi Thaung’s Facebook Page 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T