ဆောင်းယွန်းစံဆီကနေ ထိုင်းထီဆုကြီးနှစ်စောင်ပေါက်လို့ မယုံနိုင်အောင် အံ့သြဝမ်းသာနေတဲ့ နေဒွေး

//s9.kh1.co/2c/2cf07eacfd18ec92f5a17600c3bee988ebe725ef.jpg
အနုပညာရှင်များ

 ၁၇-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချောနေဒွေးကတော့ သရုပ်ဆောင်ကောင်းတာတွေကြောင့် ဇာတ်ကားတွေများစွာ ရိုက်ကူးထားသလို ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်တွေကြောင့်လည်း မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အများအပြားရရှိထားသူပါ..။

မိဘအပေါ်သိတတ်တဲ့ မင်းသားချောနေဒွေးကတော့ အနုပညာအလုပ်တွေအပြင် အပြင်စီးပွားရေးဘက်မှာလည်း တစိုက်မတ်မတ်ကြိုးစားလုပ်ဆောင်နေကာ မကြာခဏဆိုသလိုလည်း ထီတွေပေါက်လေ့ရှိတာ တွေ့ရပါတယ်နော်..။

Photo Credit - Nay Dway's Fb Acc 
Photo Credit - Nay Dway's Fb Acc 
Photo Credit - Nay Dway's Fb Acc 
Photo Credit - Nay Dway's Fb Acc 

အခုတစ်ခါမှာလည်းနေဒွေးတစ်ယောက် ထိုင်းထီဆုတွေပေါက်လို့ အရမ်းတွေ ဝမ်းသာပျော်ရွှင်နေကာ ၂၀၂၁ နှစ်သစ်ကို ကံကောင်းခြင်းတွေနဲ့အတူ စတင်လိုက်ပြန်ပါတယ်နော်..။

သရုပ်ဆောင်မင်းသမီးချောလေး ဆောင်းယွန်းစံဆီမှာ ထိုင်းထီ နှစ်စောက်ထိုးကာ အားပေးခဲ့တာဖြစ်ပြီး နှစ်စောင်လုံးပေါက်တဲ့အတွက် ဝမ်းသာနေတဲ့အကြောင်းလေးကို ပရိသတ်တွေကို အသိပေးပြောပြထားသလို ဆောင်းယွန်းလေးကလည်း သူမဆီကနေ ထိုင်းထီပေါက်သွားတဲ့နေဒွေးအတွက် ဝမ်းသာနေပါတယ်နော်..။

Photo Credit - Nay Dway's Fb Acc 
Photo Credit - Nay Dway's Fb Acc 
Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc

"ရေးးးး ထိုင်းထီထပ်ပေါက်ပီ ?

၂၀၂၁ အရမ်းကံကောင်းမဲ့နှစ် ဆောင်းယွန်းစံဆီ ထိုင်းထီ ၂စောင်ထိုးတာ ၂စောင်လုံးပေါက်တယ် ❤️?.." ဆိုပြီး ထီပေါက်တဲ့ ဝမ်းသာစရာသတင်းလေးကို ဝေမျှထားတာပါ..။

"ထိုင်းထီ ၂ စောင်ထိုးတာ ၂စောင်လုံးပေါက်တဲ့ ဦးလေးကြီး Nay Dway ...?.." ဆိုပြီးတော့လည်း ဆောင်းယွန်းလေးကလည်း ဂုဏ်ပြုစကားလေးဆိုကာ ဝမ်းသာနေသလို ပရိသတ်တွေကိုလည်း ထပ်မံဝေမျှထားပါသေးတယ်နော်..။

Photo Credit - Nay Dway's Fb Acc 
Photo Credit - Nay Dway's Fb Acc 
Photo Credit - Nay Dway's Fb Acc 
Photo Credit - Nay Dway's Fb Acc 

သတင်း အရင်းအမြစ်Nay Dway's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T