ချစ်ရတဲ့ဖေဖေနဲ့မေမေရဲ့ နှစ်၃၀ကျော်ဖြတ်သန်းလာတဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး သိချင်တာတွေတစ်ခုချင်းစီမေးရင်း ကြည်နူးပီတိဖြစ်နေတဲ့ နေခြည်ဦးရဲ့ ဗီဒီယို

//s9.kh1.co/47/47d4ff7cf58ae1457e06812d1ffb13ea6c5c1761.jpg
အနုပညာရှင်များ

 ၁၇-ဇန်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ချီချီလို့ဆိုလိုက်တာနဲ့ သွက်လက်ပြီးထက်မြက်တဲ့ပုံရိပ်လေးတွေကြောင့် အနုပညာလောကအပြင် ပရိသတ်တွေကြားပေါ်ဖြူလာဖြစ်လွန်းတဲ့ ပြည်သူ့အသည်းကျော်အနုပညာရှင်ဆယ်လီ မင်းသမီးချောလေးကို အားလုံးပဲ မြင်ယောင်မိကြမှာပါနော်..။

နေခြည်ဦးကတော့ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်အဖြစ် ရပ်တည်နေသလို ပွင့်လင်းလွန်းသလို အခုတစ်ခါမှာလည်း သူမရဲ့ဖေဖေနဲ့မေမေရဲ့ မင်္ဂလာနှစ်ပတ်လည် အမှတ်တရဗီဒီယိုဖိုင်လေး ဝေမျှရင်း အားကျကြည်နူးကာ ပီတိဖြစ်ရတဲ့အကြောင်းလေး ဝေမျှလာပါတယ်နော်..။

Photo Credit - beautybynaychi's Fb Page
Photo Credit - beautybynaychi's Fb Page
Photo Credit - beautybynaychi's Fb Page
Photo Credit - beautybynaychi's Fb Page

နှစ်၃၀ကျော်တဲ့အထိ တစ်ယောက်ကိုတစ်ယောက် ကြင်နာနွေးထွေးကြတဲ့ ဖေဖေနဲ့မေမေရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး သိချင်တာလေးတွေကို တစ်ခုချင်းစီမေးပြီး ကြည်နူးပီတိဖြစ်နေတဲ့ နေခြည်လေးနဲ့အတူ မိသားစုပုံရိပ်လေးတွေကို ဗီဒီယိုဖိုင်လေးထဲမှာ တွေ့မြင်ရမှာပါနော်..။

သိချင်းတာတွေတစ်ခုချင်းစီမေးနေတဲ့ သူမရဲ့မေးခွန်းလေးတွေကို ဖြေရင်း ငယ်ငယ်ကအကြောင်းလေးတွေနဲ့ အမှတ်တရအဖြစ်အပျက်လေးတွေကို ပြောပြရင်း နှစ်ပတ်လည်အချိန်လေးကို မိသားစုတွေနဲ့အတူ ဖြတ်သန်းခဲ့ကြကာ နေခြည်လေးကတော့ သူမရဲ့ဖေဖေလိုချစ်တတ်တဲ့ ယောကျ်ားမျိုး တွေ့မှပဲ ယောကျ်ားယူတော့မယ်လို့လည်း ဆိုထားပါသေးတယ်..။

Photo Credit - beautybynaychi's Fb Page
Photo Credit - beautybynaychi's Fb Page
Photo Credit - beautybynaychi's Fb Page
Photo Credit - beautybynaychi's Fb Page
Photo Credit - beautybynaychi's Fb Page
Photo Credit - beautybynaychi's Fb Page

"Happy 30th Anniversary ပါဖေကြီးနဲ့ မေကြီး ?‍❤️‍?

အခုလိုနှစ်တွေအကြာကြီး တစ်ယောက်အပေါ်တစ်ယောက်နွေးနွေးထွေးထွေးနဲ့ အတူတူရှိနေပေးလို့ ကျေးဇူးပါ အရမ်းလည်းချစ်တယ်နော် ??

ဒီဇင်ဘာ 29 ရက်နေ့တုန်းက နေခြည့်ဖေဖေနဲ့ မေမေရဲ့ နှစ် ၃၀ ပြည့် Anniversary Day လေးဆိုတော့

အဲ့ဒီနေ့ကို အမှတ်တရနေ့လေးအဖြစ် နေခြည်က ဖေဖေနဲ့မေမေတို့ရဲ့ အနှစ် ၃၀ ပြည့်ကနေပြီးတော့ နောက်နှစ်တွေအများကြီးကြာတဲ့အခါ Memory လေးတစ်ခုအနေနဲ့ပြန်ကြည့်လို့ရအောင် Vlog လေးရိုက်ထားတယ်။

ဖေကြီးကအရမ်းချစ်တတ်တာနော် နေခြည်တောင်သူတို့ကိုကြည့်ရင်းနဲ့ တွေးနေတာ

ဖေဖေ့လိုချစ်တတ်တဲ့ ယောကျာ်းမျိုးတွေ့တော့မှပဲ ယောကျာ်းယူဖြစ်တော့မယ်နဲ့တူတယ်။ ??.." ဆိုပြီး ဗီဒီယိုလေးကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - beautybynaychi's Fb Page
Photo Credit - beautybynaychi's Fb Page
Photo Credit - beautybynaychi's Fb Page
Photo Credit - beautybynaychi's Fb Page

သတင်း အရင်းအမြစ်beautybynaychi's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T