သရက်ပင်ပေါ်ကို ကိုယ်တိုင်ကိုယ်ကျတက်ပြီး ကျွမ်းကျွမ်းကျင်ကျင်နဲ့ အပင်တက်ခုတ်နေတဲ့ သူမရဲ့ စကေးကိုထုတ်ပြလိုက်တဲ့ မယ်လိုဒီရဲ့ ဗီဒီယို

//s9.kh1.co/d1/d1b526b5edf459edea44762abcf1df9388200eac.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီးချော မယ်လိုဒီကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ မယ်လိုဒီက ဗီဒီယိုဇာတ်ကားတွေ နဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုများစွာ ရိုက်ကူးထားသူပဲဖြစ်ပါတယ်။လက်ရှိမှာတော့ မယ်လိုဒီက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့လုပ်ကိုင်နေပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့ အတူ နေ့သစ်တွေကို အေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။

Photo Credit - Melody Myo fb account
Photo Credit - Melody Myo fb account
Photo Credit - Melody Myo fb account
Photo Credit - Melody Myo fb account

မယ်လိုဒီက ဖြူဖွေးနုဖက်နေတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားပြီး စမတ်ကျတဲ့ ခန္ဓာကိုယ်လေးနဲ့ ဘယ်လိုဖက်ရှင်တွေပဲ ဖြစ်ဖြစ်ဝတ်ဆင်တတ်ကာ လှပချောမောနေသူပဲဖြစ်ပါတယ်။ လတ်တလောမှာဆိုရင်လည်း မယ်လိုဒီက နေ့စဉ်လှုပ်ရှားနေတဲ့ ပုံရိပ်လေးတွေအပြင် ချစ်စရာကောင်းလောက်တဲ့ ပုံလေးတွေကိုလည်း ဖော်ပြပေးပါတယ်။ ယခုမှာလည်း မယ်လိုဒီ က ပရိသတ်တွေချစ်အားပိုစေမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Melody Myo fb account
Photo Credit - Melody Myo fb account
Photo Credit - Melody Myo fb account
Photo Credit - Melody Myo fb account

ဒီဗီဒီယိုလေးထဲမှာတော့ မယ်လိုဒီ ဟာ ခြံထဲက သရက်ပင်ပေါ် ကို ယောကျာ်းလေးတစ်ယောက်လိုမျိုး ကိုယ်တိုင်တက်ပြီး ကျွမ်းကျွမ်းကျင်ကျင် နဲ့ အပင်ကိုင်းခုတ်နေတဲ့ စကေးကိုထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း မယ်လိုဒီက "ပုံမှန် စနေနေ့တိုင်း နေ့ဆွမ်းကပ်လှူဖြစ်ပါတယ်.....ဆရာတော်ကျောင်းကပြန်တော့ခြံရှင်း အပင်တွေပုံဖော်....အပင်ခုတ် ၊ အပင်ရေလောင်း မ ကို ရဲရဲကြီး အားကိုးလို့ရပါတယ် Videoclip လေးက မင်း အတွက် မ ရဲ့အမှတ်တရ " ဆိုပြီး ချစ်စရာကောင်းလောက်အောင် ရေးသားထားပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အရမ်းကိုချစ်စရာကောင်းနေတဲ့ မယ်လိုဒီရဲ့ ဗီဒီယိုလေးကိုသဘောကျမယ်လို့ မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်VideoCredit & Source - Melody Myo fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T