သူမရဲ့ မွေးနေ့ပွဲလေးကို ချစ်ရတဲ့သူတွေက အမှတ်တရလေးတွေနဲ့ Surprise လုပ်ပြီး ကျင်းပပေးခဲ့လို့ ဝမ်းသာပျော်ရွှင်နေတဲ့ မေသဥ္ဇာဦးရဲ့ ဗီဒီယို

//s9.kh1.co/f2/f2b011555f90852a9afed774ed92033410e18557.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် မေသဥ္ဇာဦး ကတော့ အနုပညာအလုပ်တွေကို ဆယ်စုနီးပါးလောက် လုပ်ကိုင်လာခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ဒါ့အပြင် မေသဥ္ဇာဦး ဟာ ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်မှုတွေကြောင့်လည်း အကယ်ဒမီဆုတွေကို ရရှိခဲ့ပါတယ်။ ယနေ့အချိန်ထိလည်း သူမက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ကိုင်နေပြီး ဘဝကိုအေးချမ်းစွာနေထိုင်နေတာ တွေ့ရပါတယ်။

Photo Credit - May ThinZar Oo fb page
Photo Credit - May ThinZar Oo fb page
Photo Credit - May ThinZar Oo fb page
Photo Credit - May ThinZar Oo fb page

မေသဥ္ဇာဦး က ယနေ့အချိန်ထိ အသက်အရွယ်ရလာပေမယ့် ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုပြီး ဆယ်ကျော်သက်လေးလို ချောမောလှပနေတုန်းပဲ ဖြစ်ပါတယ်။ဒါ့အပြင် သူမဟာ စိတ်သဘောထားပြည့်ဝပြီး အမြဲပျော်ပျော်ရွှင်ရွှင် နေတတ်သူတွေဖြစ်တာကြောင့် ချစ်ခင်သူတွေ ပေါများနေတာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၇ ရက်နေ့က မေသဥ္ဇာဦး မွေးနေ့လေးကို ကျရောက်ခဲ့ပြီး ပရိသတ်တွေ ကြည်နူးစရာ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - May ThinZar Oo fb page
Photo Credit - May ThinZar Oo fb page
Photo Credit - May ThinZar Oo fb page
Photo Credit - May ThinZar Oo fb page

ဒီဗီဒီယိုလေးကတော့ မွေးနေ့သူမကို ချစ်ရတဲ့ သူတွေက အမှတ်တရလေးတွေနဲ့ မွေးနေ့ Surprise လေးလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ မေသဥ္ဇာဦးရဲ့ မွေးနေ့ပွဲကို ပျော်ပျော်ရွှင်ရွှင် နဲ့ ကျင်းပခဲ့တာကို ပရိသတ်တွေလည်း ကြည်နူးပီတိဖြစ်မယ်လို့မျှော်လင့်မိပါတယ်။ ကဲ...ပရိသတ်တွေလည်း မင်းသမီးကြီး မေသဥ္ဇာဦးကို ပျော်ရွှင်စရာလေးတွေနဲ့ ဖြတ်သန်းနိုင်အောင် မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါဦးနော်။

သတင်း အရင်းအမြစ်Video Credit & Source - May ThinZar Oo fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T