ကြော်ငြာရိုက်ကူးရေးတစ်ခုအတွက် အသံသွင်းနေခဲ့ပြီး ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေထံ ချပြလာတဲ့ အိန္ဒြာကျော်ဇင်

//s9.kh1.co/89/89d4016bc5c0163425eaeb48d861c4353f6474fa.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်ပါနော်။

အနုပညာအရည်အချင်းပြည့်၀ပြီး ကောင်းမွန်ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်ပြီး ကြည့်ရှုသူတွေကို ဇာတ်ရှိန်တက်အောင် ပြုလုပ်နိုင်သူလည်းဖြစ်ပါတယ်။

Photo credit - Eaindra Kyaw Zin 's FB page
Photo credit - Eaindra Kyaw Zin 's FB page
Photo credit - Eaindra Kyaw Zin 's FB page
Photo credit - Eaindra Kyaw Zin 's FB page

ဒါ့ကြောင့်လည်း အကယ်ဒမီဆုကြီးတွေကို ထိုက်ထိုက်တန်တန်ရရှိထားတာကို တွေ့ရပါတယ်။ အိန္ဒြာကျော်ဇင်က သရုပ်ဆောင်ပိုင်းမှာ ပီပြင်ကောင်းမွန်ရုံသာမကပဲ ပန်းချီဆွဲတော်တဲ့ သူမရဲ့ အရည်အချင်းကလည်း အံ့မခမ်းပါပဲနော်။ အနုပညာလှုပ်ရှားမှုတွေကို မနားမနေ ဆက်တိုက်ဆိုသလို ကြိုးစားလုပ်ကိုင်နေတဲ့ သူမက ယနေ့မှာလည်း ကြော်ငြာတစ်ခုအတွက် အသံသွင်းနေခဲ့တာပါ။

Photo credit - Eaindra Kyaw Zin 's FB page
Photo credit - Eaindra Kyaw Zin 's FB page
Photo credit - Eaindra Kyaw Zin 's FB page
Photo credit - Eaindra Kyaw Zin 's FB page

ရုပ်ရည်နဲ့ လိုက်ဖက်တဲ့ အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ အိန္ဒြာကျော်ဇင်ရဲ့ အဆိုပါ ဗီဒီယိုလေးကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ပရိသတ်တွေကလည်း သရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးကြမယ်မလား ။ 

Photo credit - Eaindra Kyaw Zin 's FB page
Photo credit - Eaindra Kyaw Zin 's FB page
Photo credit - Eaindra Kyaw Zin 's FB page
Photo credit - Eaindra Kyaw Zin 's FB page
Photo credit - Eaindra Kyaw Zin 's FB page
Photo credit - Eaindra Kyaw Zin 's FB page

သတင်း အရင်းအမြစ်Source - Eaindra Kyaw Zin 's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T