ပရိတ်သတ်ကြီးရေ ရွှေထူး နဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံ နှစ်ယောက်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့တဲ့ အနုပညာဇနီးမောင်နှံတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး အကောင်းဆုံးကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်က ဝေဖန်မှုတွေကြားထဲကနေ တစ်ဦးနဲ့တစ်ဦးယုံကြည်မှုရှိရှိ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။
ရွှေမှုံရတီတို့ နှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်တတ်ကြတဲ့အပြင် တယုတယ ဂရုစိုက်မှုတွေကြောင့် ပရိသတ်တွေ အားကျချစ်ခင်နေရတဲ့ ဇနီးမောင်နှံ တွေဖြစ်ပါတယ်။ မကြာခဏဆိုရင် ပရိသတ်တွေ ချစ်အားပိုစေလောက်မယ့် ပုံရိပ်လေးတွေအပြင် ဗီဒီယိုလေးတွေကိုလည်း ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာလည်း ရွှေမှုံရတီက ပရိသတ်တွေချစ်အားပိုမယ့် ပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေကတော့ သူမရဲ့ဘေးနားမှာကိုယ်နဲ့မကွာ အမြဲဂရုစိုက်ကြင်နာပေးတဲ့ ခင်ပွန်းသည်နဲ့အတူ ရိုက်ထားတဲ့ ပုံတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ရွှေမှုံရတီက " သူနဲ့ အတူရှိ နေရဖို့ပဲလိုတယ်" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ပရိသတ်တွေလည်း လိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့ ရွှေနှစ်ရွှေ တို့ကို အရင်ကထက်ချစ်ပေးကြပါဦးနော်....။
သတင်း အရင်းအမြစ်៖ Source - Shwe Mhone Yati fb page