ပြင်းထန်းတဲ့ ဝေဒနာကို မခံစားရပဲ အသက်ကို နှုတ်ယူနိုင်စွမ်းရှိတဲ့ ဂျပ်မြွေ

//s9.kh1.co/3e/3e9f276d2e403e0fe70c0440361092b3c5bd5668.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက် ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အလွန်အန္တရာယ်များပြီး လူကို ဒုက္ခပေးနိုင်တဲ့ ဂျပ်မြွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဂပ်မြွေရဲ့ ပုံစံကတော့ စိမ်းပုပ်ရောင် ကိုယ်လုံးတွင် အမည်းစင်းများ ပါရှိသော ပင်လယ်မြွေ တစ်မျိုးဖြစ်ပါတယ်။ ထိုဂျပ်မြွေတွင် "ဂျပ်လုံး" နှင့် "ဂျပ်ပြား" ဟူ၍ နှစ်မျိုး နှစ်စား ရှိပြီး နှစ်မျိုးစလုံး၌ပင် လူကို အသက်အန္တရာယ် ဖြစ်စေတတ်သည့် အဆိပ်ရှိပါတယ်။ "ဂျပ်လုံး"မှာ အကောင်သေး၍ အကြီးဆုံး အရွယ်အစား လုံးပတ် လက်မခန့်၊ အရှည် တစ်တောင်ခန့် ရှိပြီး "ဂျပ်ပြား" မှာ ဦးခေါင်းပိုင်း လက်ညိုး လက်မ တစ်ကွင်းစာခန့် ရှိ၍ ဝမ်းဗိုက်မှာ လက်ဖဝါးခန့် ရှိပြီး သုံးတောင်ခန့် အရှည်ရှိပါတယ်။ ဦးခေါင်းနှင့် ရင်ဘတ်ပိုင်းမှာ အလုံးသဏ္ဌာန် ရှိသော်လည်း ဝမ်းဗိုက်မှ အပြီးပိုင်းအထိ အပြားသဏ္ဌာန်မျိုးလည်း ရှိပါတယ်။ ဂျပ်မြွေ များဟာ ပင်လယ်မြွေများ ဖြစ်သော်လည်း ရေအောက်တွင် တစ်နာရီခန့်သာ နေနိုင်ကာ ရေပေါ်တက်၍ အသက်ရှုကြရပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/76/7691aa605e1c1b13d6e253cadf80170678f12784.jpg
https://s9.kh1.co/__image/w=600,h=360,q=100/29/29fedb680f65caac133e62b100e97387b4baa341.jpg

ဂျပ်လုံး များသည် ရေပေါ်တက်၍ အသက်ရှုရာတွင် ခန္ဓာကိုယ်အား တုတ်တစ်ချောင်း ထောင်ထားသကဲ့သို့ တည့်မတ်စွာ ထောင်လျက် ငြိမ်သက် နေတတ်ပြီး လှေ သို့မဟုတ် အရာဝတ္တု တစ်ခုခု အနီးအနား ရောက်ရှိလာပါက ရေအောက်သို့ ပြန်လည် ငုပ်လျှိုး သွားတတ်သည်။ ဂျပ်ပြား မှာမူ သူတို့၏ ကြီးမားသော ဝမ်းပိုက်များကြောင့် ဦးခေါင်းပေါ်ယုံသာ ဖော်၍ အသက်ရှုတတ်ကြပါတယ်။ ဂျပ်မြွေ အကိုက်ခံရလျှင် အကိုက်ခံရမှန်း သိသိချင်း ရှေးဦးသူနာ ပြုစုနည်းဖြင့် ပြုစုပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အရက် တစ်ခုခု အနည်းငယ် တိုက်ထားရုံဖြင့် သက်သာနိုင်ပါတယ်။ ဂျပ်မြွေ အကိုက်ခံရခြင်းကြောင့် နာကျင်ခြင်း၊ ပူလောင်ခြင်းနှင့် အခြား အဆိပ်တက်သည့် လက္ခဏာများ မပြပါက ဒီလိုမုပခြင်းကပင် ဂျပ်မြွေ၏ ကြီးမားသော အန္တရာယ် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=315,q=100/7b/7bfe4d6b4fb8bf45ae0574084bd5c0368ae48116.jpg
https://s9.kh1.co/__image/w=600,h=401,q=100/a2/a25c5e106990921c32d92252b8399bf512b5c74d.jpg

ပြင်းထန်သည့် အဆိပ်တက်ပုံ မရှိသောကြောင့် ဂျပ်မြွေအကိုက်ခံရသည်ကို မသိဘဲ ပုစွန်၊ ငါး၊ ဆူးစူး သလိုလို နှင့် ပေါ့ပေါ့တန်တန် သဘောထားမိ၍ အသက်ဆုံးရှုံးရသော ရေလုပ်သားပေါင်း မနည်းလှတော့ပါဘူး။ ဂျပ်မြွေ အဆိပ်တက်ပုံ လက္ခဏာမှာ သွေးများ ထိုင်းလာခြင်း၊ ငိုက်မြည်း သမ်းဝေလာခြင်းနှင့် အိပ်ပျော် သွားတတ်ခြင်းပင် ဖြစ်ပြီး ထိုသို့ အိပ်ပျော်သွားလျှင် အသက်ရှင်လျက် ပြန်လည် နိုးထလာတော့မှာ မဟုတ်ပါဘူး။ မြွေဆိပ်ဖြေဆေးများတွင် ဂျပ်မြွေ အဆိပ်ဖြေဆေး ဟူ၍ မရှိသေးဖြင့် ဂျပ်မြွေကိုက်လျှင် အချိန်မီ ပြုစု ကုသရန် လိုအပ်ပြီး ကုသစရာ ရိုးရာ ဆေးနည်း တစ်မျိုးမှာ ရေခရာပင် အမြစ်အား လူနာကို ကျွေး၍ ထိုအမြစ်ကိုပင် ထောင်းခြေပြီး ဒဏ်ရာတွင် အုံပေးပါက မြွေဆိပ်ဒဏ်မှ သက်သာ ပျောက်ကင်း စေပါတယ် ပရိသတ်ကြီးရေ။

https://s9.kh1.co/__image/w=600,h=337,q=100/38/386381ed15f30d36f5e98cbbdd4d75401a3c693d.jpg

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T