Luis Fonsi နဲ့ Daddy Yankee တို့သီဆိုထားတဲ့ Despacito သီချင်း ထုတ်လွှင့်မှုကို မလေးရှားနိုင်ငံရဲ့ အသံလွှင့် ဌာနတစ်ခုဖြစ်တဲ့ Radio Televisyen Malaysia(RTM) က ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ မလေးရှားဆက်သွယ်ရေးနဲ့ သတင်း အချက်အလက်ဝန်ကြီး Salleh Said Keruak က ထုတ်ပြန်လိုက်ကြောင်း Channel NewsAsia မှာဖော်ပြထားပါတယ်။ 

သီချင်းမှာ ညစ်ညမ်းတဲ့ စာသားတွေ ပါရှိနေတယ်လို့ စွပ်စွဲပြီး Luis Fonsi နဲ့ Daddy Yankee တို့သီဆိုထားတဲ့ Despacito သီချင်း ထုတ်လွှင့်မှုကို ရပ်ဆိုင်းဖို့ပြောဆိုမှုတွေရှိခဲ့တဲ့ အတွက်အခုလို ရပ်ဆိုင်းလိုက်တာပါ။ မလေးရှားအစ္စလာမ်မစ်ပါတီ Parti Amanah Negara ရဲ့ အမျိုးသမီးလှုပ်ရှားရေး အဖွဲ့ကဒီသီချင်းကို ထုတ်လွှင့်မှု ရပ်ဆိုင်းဖို့ တောင်းဆိုလိုက်တာဖြစ်ပြီး ပါတီဝင်တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ အမျိုးသမီးတစ်ဦးက လူငယ်အများစုဟာ အဆိုပါသီချင်းရဲ့ စာသားအဓိပ္ပာယ်ကို နားမလည်ဘဲ သီဆိုနေကြတာကို တွေ့ရတယ်လို့ ပြောပါတယ်။  

သူ့အနေနဲ့ ဒက်စ်ပါစီတို သီချင်းအပါအဝင် အခြား လိင်ပိုင်းဆိုင်ရာ အသားပေးရေးထားတဲ့ သီချင်းတွေဟာ အရှေ့ပိုင်းယဉ်ကျေးမှုနဲ့ အစ္စလာမ်ဘာသာအတွက် မသင့်တော်တာကြောင့် ထုတ်လွှင့်မှုတွေ ပိတ်ပင်စေချင်တယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Aung

သတင်းအရင်းမြစ် Channel NewsAsia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။