ချိုပြုံးတို့သားအမိက သူ့ဆီမှာ ဆေးကုသရင်း ဘုရားတည်ဖို့အတွက် အလှူငွေများလှူဒါန်းပေးခဲ့လို့ ဝမ်းသာပျော်ရွှင်စွာပြောလာတဲ့ ထူးခန့်ကျော်

//s9.kh1.co/f8/f8d9323fcbb1971569764919028f58040f04f6a1.jpg
အနုပညာရှင်များ

 ၁၈-ဇန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

သဘာဝမင်းသားလိုတောင် ခေါ်ကြတဲ့ မင်းသားထူးခန့်ကျော်ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်နေတဲ့ သူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထူးခန့်ကျော်က အနုပညာအလုပ်တွေအပြင် မြန်မာ့တိုင်းရင်းဆေးကုသပေးမှုကို အခကြေးငွေမယူပဲ လုပ်ကိုင်ကုသပေးနေတာ တွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ သူ့ဆီမှာ အကယ်ဒမီ ချိုပြုံးတို့သားအမီးနှစ်ယောက်က ယုံယုံကြည်ကြည်နဲ့ ဆေးလာရောက်ကုသခဲ့လို့ ဝမ်းသာပျော်ရွှင်စွာပြောပြလာခဲ့ပါတယ်။

Photo Credit - Htoo Khant Kyaw fb acc
Photo Credit - Htoo Khant Kyaw fb acc
Photo Credit - Htoo Khant Kyaw fb acc
Photo Credit - Htoo Khant Kyaw fb acc

"ခင်မင်သူတွေလူကြီးမင်းများ လက်ခုပ်တီးပါ မချိုသီချင်းဆိုမယ်ဆိုတဲ့ အကယ်ဒမီများရှင်အမေဒေါ်ချိုပြုံးနှင့် သမီးမနီတာ မိသားစုတို့မှ ကျွန်တော်ဘုရားတည်ရာ၌ အလှူငွေ၁၀၀၀၀၀ကျပ်နှင့် ကျွန်တော်ထံယုံကြည်စွာဖြင့်လာရောက်ခါ အရိုး အကြောလေးတွေကုသမှု့ပေးပါသောကြောင့် အထူးပင်ကျေးဇူးတင်ရှိပါတယ်.....အမေ တစ်ချိန်ကအမေ့ပါးတခြမ်းဘယ်သားနမ်းမလဲဆိုသောဇာတ်ကားဖြင့်၎င်း အမေချိုနှင့်ဗွီဒီယိုဇာတ်ဝင်ခန်းအတော်များများ ဆုံးဖူးခဲ့ရာတွင်လည်း စိတ်ပါလက်ပါဖြင့် ကျွန်တော်အားသားအရင်းတစ်ယောက်သဖွယ်သဘောထားပြီး ရိုက်ကူးပေးမှု့များကလည်း အင်မတန်ကျေးဇူးကြီးလှခဲ့ပေသည်....

Photo Credit - Htoo Khant Kyaw fb acc
Photo Credit - Htoo Khant Kyaw fb acc
Photo Credit - Htoo Khant Kyaw fb acc
Photo Credit - Htoo Khant Kyaw fb acc

ယခုလိုအမေချိုအား တစ်ဒေါင့်တစ်နေရာမှပါရမီဖြည့် ကျေးဇူးဆပ်ခွင့်ကြုံခဲ့ရလို့လည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်အမေ အမေတို့မိသားစုအလှူအတွက် သာဓုအကြိမ်ကြိမ်ခေါ်ဆိုလိုက်ပါတယ်နော် ....အမေတို့မိသာစုနှင့်(၇)နှစ်ရက်သားသမီးအပေါင်း သူတော်ကောင်းတို့ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြ၍ လိုအင်ဟူသမျှပြီးပြည့်စုံပြီး လိုတိုင်းတရရှိကြကာ ကပ်ကြီးသုံးပါးတို့မှလည်း ကင်းဝေးကြပါစေ အားလုံးကျန်းမာလို့ချမ်းသာကြပါစေနော်" ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ပရိသတ်တွေလည်း ထူးခန့်ကျော်ဆီမှာ ဆေးကုရင်း ဘုရားတည်ဖို့ အလှူငွေလှူဒါန်းပေးခဲ့တဲ့ အကယ်ဒမီ ချိုပြုံးတို့သားအမိတွေကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်.....။

သတင်း အရင်းအမြစ်Source - Htoo Khant Kyaw fb acc

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T