ပရိသတ်တွေသိပ်မမြင်ဖူးသေးတဲ့ သူရဲ့သမီးချောလေးနဲ့အတူ နှစ်ယောက်တည်း မြူးမြူးကြွကြွလေးကပြလိုက်တဲ့ အောင်သော်ရဲ့ဗီဒီယို

//s9.kh1.co/e7/e77af6a2e5611737edab779b90cc9e5526b9b524.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

ပရိသတ်တွေသိပ်မမြင်ဖူးသေးတဲ့ သူရဲ့သမီးချောလေးနဲ့အတူ နှစ်ယောက်တည်း မြူးမြူးကြွကြွလေးကပြလိုက်တဲ့ အောင်သော်ရဲ့ဗီဒီယို

လူရွှင်တော်၊ သရုပ်ဆောင်အောင်သော်ကတော့ နိုင်ငံကျော်လူရွှင်တော်အဖွဲ့ဖြစ်တဲ့ ဖိုက်စတားရဲ့အဖွဲ့ဝင်တစ်ဦးပဲ ဖြစ်ပါတယ် ။ အောင်သော်က ဟာသဥာဏ်ရွှင်သလို ပြောင်မြောက်တဲ့ပြက်လုံးတွေနဲ့ တင်ဆက်တတ်တာကြောင့် ပရိသတ်တွေက သူ့ကိုသဘောကျချစ်ခင်ကြတာ ဖြစ်ပါတယ် ။ ဇာတ်ကားတွေလည်းရိုက်ကူးတဲ့ အောင်သော်က ပရဟိတစိတ်ထက်သန်သူဖြစ်တာကြောင့် အခုလိုကိုဗစ်ကာလမှာတောင် လူနာတင်ကားကို ကိုယ်တိုင်မောင်းကာ ကုသိုလ်ယူနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Aung Thaw's FB Acc
Photo Credit-Aung Thaw's FB Acc
Photo Credit-Aung Thaw's FB Acc
Photo Credit-Aung Thaw's FB Acc

အောင်သော်က ရိုးရှင်းပြီး အေးချမ်းသာယာတဲ့ ကိုယ်ပိုင်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ သားတစ်ယောက်၊ သမီးတစ်ယောက်ရဲ့ဖခင်ဖြစ်တဲ့ အောင်သော်က ကလေးတွေကို အရမ်းချစ်တာလည်း ဖြစ်ပါတယ် ။ အခုလည်း အောင်သော်က သူ့ရဲ့သမီး အချောအလှလေးကို ပရိသတ်တွေမြင်ဖူးအောင် ပြသလိုက်တာပဲ ဖြစ်ပါတယ် ။ အောင်သော်က သမီးလေးနဲ့ နှစ်ယောက်တည်း Tik Tok ကစားထားတဲ့ ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Aung Thaw's FB Acc
Photo Credit-Aung Thaw's FB Acc
Photo Credit-Aung Thaw's FB Acc
Photo Credit-Aung Thaw's FB Acc

ဒီဗီဒီယိုလေးမှာ အောင်သော်က သမီးလေးသင်ပေးတဲ့အတိုင်း ကကွက်တွေကို လိုက်မှတ်သားပြီး မြူးမြူးကြွကြွလေး ကပြလိုက်တာ ဖြစ်ပါတယ် ။ နောက်ဆုံးမှာတော့ အောင်သော်က သမီးလေးနဲ့အပြိုင်အဆိုင် ကပြီး သားအဖနှစ်ယောက် ပျော်ပျော်ပါးပါး Tik Tok ကစားရင်း ရယ်မောစရာကောင်းတဲ့အချိန်လေးတွေကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်သော်တို့သားအဖရဲ့Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Aung Thaw's FB Acc

Photo Credit-Aung Thaw's FB Acc
Photo Credit-Aung Thaw's FB Acc
Photo Credit-Aung Thaw's FB Acc
Photo Credit-Aung Thaw's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T