မြန်မာမက်ဆီအောင်သူကျော်ဖြတ်ရမယ့်အတားအဆီး
မြန်မာအသင်းရ့နှှလုံးသည်းပွတ်ကစားသမားအောင်သူ
မြန်မာလူငယ်အသင်းအတွက်ခြောက်ပွဲကစားပြီး
ခြောက်ဂိုးသွင်းယူထားပါတယ်။အလိမ်အခေါက်တွေ၊တစ်ဦးချင်းကျော်ဖြတ်မှုတွေကောင်းမွန်လွန်းတဲ့သူ့ကိုမြန်မာမက်ဆီလို့ပရိသတ်တွေချစ်စနိုးနာမည်ပေးထားကြတာပါ။
စင်ကာပူနဲ့ပွဲမှာ အရမ်းမာတဲ့နောက်တန်းကစားသမား
ဆာဟင်ကိုအောင်သူဖြတ်ကျော်ပြပြီးပါပြီ။စင်ကာပူမီဒီယာတွေကပါအောင်သူကိုချီးကျူးရသည်အထိသူဗဗခြေစွမ်းပြနိုင်ခဲ့ပါတယ်။အခုဒုတိယပွဲမှာအောင်သူ
နောက်ထပ်ဖြတ်ကျော်ရမယ့်အတားအဆီးကဘရူနိုင်းဂိုးသမား
ဟိုင်မီပါ။ သြစတေးလျမှူးတိုက်စစ်မှူးတွေရဲ့တဒိုင်းဒိုင်းကန်သွင်းချက်တွေကိုပထမပိုင်းတစ်ပိုင်းလုံးလက်စွမ်းပြကာကွယ်ပြီး
တစ်ပွဲလုံးအပို်င်ကန်သွင်းခွင့်၁၀ကြိမ်ကျော်ကို လက်စွမ်းပြကာကွယ်ထားနိုင်ခဲ့တာပါ။မြန်မာအသင်းဟာသြစတေးလျနဲ့သရေကစားဖို့မှန်းပြီး
အုပ်စုဗိုလ်နေရာကနေခြေစစ်ပွဲအောင်ဖို့ဆိုရင်တော့
သြစတေးလျဘရူနိုင်းကိုသွင်းထားတဲ့၂ဂိုးထက်ပိုသွင်းဖို့လိုပြီး
ဒီနေ့ဘရူနိုင်းန့ပွဲမှာလည်းတိုက်စစ်အသားပေးကစားဟန်နဲ့ပွဲထွက်လာဖို့များပါတယ်။ဘရူနိုင်းဂိုးသမားဟိုင်မီကိုမြန်မာမက်ဆီအောင်သူဒီနေ့ကောဘယ်လိုကျော်ဖြတ်ပြမလဲဆိုတာညနေ ၆နာရီထိုးရင်ပရိသတ်တွေတွေ့မြင်ကြရမှာပေါ့။
Photo-MFF
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။