ပရိသတ်ကြီးရေ  သရုပ်ဆောင်  ပိုင်တံခွန်ကတော့ ဘာသာရေးဘက်မှာလည်း  ကိုင်းရှိုင်းလွန်းပြီး ကိုယ်တိုင်လည်း  သာသနာ့ဘောင်သို့  ခေတ္တဝင်ရောက်ခဲ့သူလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ပိုင်တံခွန်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  တစ်နေ့တည်းနဲ့သိန်းထောင်ကျော်လှူဒါန်းနိုင်ဖို့နိဗ္ဗာန်ဆော်နိုင်ခဲ့တဲ့အတွက်ဝမ်းမြောက်ဂုဏ်ယူနေကြောင်းကို  ရေးသားထားတာပဲ  ဖြစ်ပါတယ်။  

အသေးစိတ်ကိုတော့ " ကဲ  တစ်ရက်တည်းသိန်း ၁ ထောင်ကျော်ဗျာ ဝမ်းသာစရာ 🖤

Photo Crd- Paing Takhon’s Facebook Account 
Photo Crd- Paing Takhon’s Facebook Account 

ကျွန်တော်တို့ မြန်မာတွေမှာ အရမ်းကို လေးစားစရာကောင်းတဲ့ စိတ်လေးတစ်ခုရှိတယ် 

ဒါကဘာလဲဆိုတော့ သဒ္ဓါတရား 🖤

အခုလည်းကြည့် မနေ့က သိမ်လေးဆောက်ချင်လို့ ကျွန်တော့်အကောင့်မှာ နိဗ္ဗာန်ဆော်လိုက်တာ မြန်မာပြည်သူပြည်သား ကျားမ လူကြီး လူငယ် အားလုံး ဝိုင်းလှူကြတာ ကြက်သီးတောင်ထမိတယ် 

လေးလည်းလေးစားမိတယ် 

အခု ဘဏ်ထဲမှာအတိအကျရခဲ့တဲ့ အလှူငွေ တရက်တည်း  စုစုပေါင်း  သိန်း တစ်ထောင့်တစ်ရာခြောက်သောင်းရှစ်ရာကိုးဆယ့်နှစ် (၁၁၀၀၆၀၈၉၂)  ကျပ်ရရှိပါတယ် ။ 

ဘဏ်ထဲမဝင်သေးတဲ့ တချို့အလှူရှင်တွေရဲ့ အလှူငွေများစွာကျန်ပါသေးတယ်ခင်ဗျာ

ကျန်တဲ့ လှူဒါန်းချင်တဲ့ လူတွေလည်း ကျနော့်အလှူမှာပါဝင်လို့ရပါတယ် ခင်မျာ ။  ဆရာတော်ရဲ့ 

(ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ၁၃၁ ရပ်ကွက်၊ ရေသန့်လမ်း။) ကျောင်းမှာလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းလို့လည်းရပါတယ်ခင်ဗျာ။

Photo Crd- Paing Takhon’s Facebook Account 
Photo Crd- Paing Takhon’s Facebook Account 

ကျေးဇူးပြု၍ လှူဒါန်းငွေများရင်  KPay , Wave တို့က မလွှဲဘဲ ဘဏ်ထဲ ထည့်ပေးပါနော်ခင်ဗျာ🙏

အလှူရှင်တွေ အားလုံးကို တစ်ဦးတစ်ယောက်ချင်း နာမည်ရေးပေးချင်သော်လည်း  အရေအတွက်အရမ်းများတဲ့အတွက် အခုလို စုပေါင်းဖော်ပြရတဲ့အတွက်လည်း နားလည်ပေးပါခင်ဗျာ " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေ အတွက် ဒီသတင်းလေးကို  တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd- Paing Takhon’s Facebook Account 

Photo Crd- Paing Takhon’s Facebook Account 
Photo Crd- Paing Takhon’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။