အသားအရောင်မခွဲခြားပဲ အချစ်စစ်ကို ဦးစားပေးခဲ့ကြတဲ့ စုံတွဲများ

//s9.kh1.co/ae/aec20ecdcd8408680600e54f36a5fd0507fe1747.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-ဇန်-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးကို အခုတစ်ခါဖော်ပြပေးချင်တာလေးကတော့ အသားအရောင်မတူပေမယ့်လည်း ဖူးစာကံဆုံလို့ လက်တွဲခဲ့ကြတဲ့သူတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဟိုးရှေးအချိန်တွေတည်းက အသားအရောင်ခွဲခြားမှုတွေဟာ ကမ္ဘာအနှံ့အပြားမှာရှိခဲ့ကာ အထူးသဖြင့် လူမည်းတွေဟာ အာ့ဒီ ဒဏ်ကိုအပြင်းအထန်ခံစားခဲ့ရပါတယ်။ ဒီလို ခွဲခြားမှုတွေဟာ နောက်ပိုင်းမှာ ပိုဆိုးလာပြီး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ အထိတောင်ဖြစ်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=603,q=100/ae/aefa70b172557783b0e52fec81ab086f88e6b64b.jpg
https://s9.kh1.co/__image/w=600,h=750,q=100/d1/d128ed6f96c15524b0c72da03b51c7a39e9e7bf8.jpg

ဒီအဓိကရုဏ်းတွေဟာ နှစ်အတော်ကြာ ကြာမြင့်ခဲ့ပြီးနောက်ပိုင်းမှာ လူ့အခွင်းအရေးဦးဆောင်သူတွေရဲ့ တက်ကြွတဲ့လှုပ်ရှားမှုတွေကြောင့် အသားအရောင်ခွဲခြားမှုေတွေဟာ မရှိသလောက်ကို ရှားပါးလာခဲ့ပါပြီ။ အခုနောက်ပိုင်းမှာတော့ လူအတော်များများမှာ ခေတ်အမြင်တွေ၊ အသိဉာဏ်တွေ ပွင့်လင်းလာခဲ့ကြတာမို့လို့လူဖြူလူမဲ မခွဲခြားပဲ မိမိရဲ့ ဖူးစာဖက်ကို မိမိစိတ်နဲ့ ရွေးချယ်နိုင်ကြပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=332,q=100/14/146f56904635a2377fac0649803985d72be3b5be.jpg

တစ်ကယ်တော့ လူဖြူဖြစ်ပစေ လူမည်း ဖြစ်ပစေ မိမိရဲ့ အတွင်းစိတ်က သန့်ရှင်းဖြူစင်ဖို့ကသာ အရေးကြီးဆုံးဖြစ်ပြီး မိမိရဲ့ဘဝစ်လျှောက်လုံးကို ပျော်ရွှင်စေမယ့် လူကိုပဲ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်ပါတယ်။ ဒီစာလေးကိုရေးရတဲ့ အဓိက ရည်ရွယ်ချက်လေးကတော့ ကျွန်တော်တို့ဟာ ဘာသာမတူ ၊ အသားရေမတူပေမယ့်လည်း အပြင်ပိုင်းရုပ်လက္ခဏာတွေကိုမကြည့်ပဲ အတွင်းစိတ်ကသာ ဖြူစင်ကြမယ်ဆိုရင် သက်ရှိတက္ဘာလုံးအေးချမ်းပြီး လူလူချင်း ရင်းနှီးချစ်ခင်မှုတွေ တိုးလာစေချင်တဲ့ ရည်ရွယ်ချက်ကလေးကို ပရိသတ်ကြီးကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ရပါတယ်နော်။

https://s9.kh1.co/__image/w=600,h=800,q=100/55/5552ea09a693123e698a37b5ad29116f045ae8ab.jpg
https://s9.kh1.co/__image/w=600,h=600,q=100/a1/a149781de920ed6bc9caaccd26e4058406af0939.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T