လူ့အသက်ကို ခဏလေးနဲ့ သေစေနိုင်လို့ မြင်တာနဲ့ ရှောင်နိုင်ရမယ့် ရေခူးများ

//s9.kh1.co/7f/7fd6b25bf68071c4c3aaf4d0fe8365b9a550362e.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-ဇန်-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

.

အမျိုးအမည်များပြားလှသော ရေခူများထဲတွင် ရေလုပ်သားများအား အန္တရာယ်ပေးနိုင်သော အဆိပ်အတောက် ပြင်းတဲ့ ရေခူနှစ်မျိုးမှာ ခူထောင်း နှင့် ခူမီး ခေါ် ခူမီးတောက် တို့ပဲ ဖြစ်ပါတယ်။ ခူထောင်းရဲ့ ခေါင်းပိုင်းဟာ ပန်ကန်းလုံးကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး ရှည်လျားတဲ့ အမြီးတန်းလည်း ပါရှိပါတယ။ အကြီးဆုံး အရွယ်အစားမှာ လက်သီးဆုပ်ခန့်ရှိပြီး အမြီှးမှာ နှစ်တောင်မှ သုံးတောင်ခန့် အထိရှိကာ ထိုခူထောင်း၏ ခေါင်းပိုင်းနှင့် ထိရင် ဘယ်လိုမှ မဖြစ်သော်လည်း အဆိပ်ရှိတဲ့ အမြှီးပိုင်းနှင့် ထိလျှင် မခံမရပ်နိုင်လောက်အောင် ဆိုးဝါးသော ယားယံမှုကို ခံစားရမှာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/4f/4f913f5bd36a3c487e4fe177dd5df616d1ce140b.jpg
https://s9.kh1.co/__image/w=600,h=338,q=100/b5/b54afa524576db898b29dd896bc6b73609e461f0.jpg

အချိန်မီမကုသလျှင် သုံးနာရီမှ ခြောက်နာရီလောက် အထိ ယားယံနေတတ်ပြီး နှစ်ရက်အကြာ ထိုနေရာမှ အနာများ ပေါက်လာတတ်ပါတယ်။။ ထိုအနာများအား ကုသရန် ခက်ခဲပြီး ပျောက်ကင်းသွား သည့်တိုင် အမာရွတ်နေရာများသည် မူလ အရေပြားအတိုင်း ပြန်လည် မချောမွေ့တော့ပါဘူး။ ခူထောင်း၏ အမြီး၊ သို့မဟုတ် အမြီးမျှ ထွက်သော အရည်ဟာ မျက်လုံးထဲသို့ ဝင်ပါက အလွန်ဆိုးဝါးသည့် ဝေဒနာကို ခံစားရမည် ဖြစ်ပြီး မိနစ်သုံးဆယ်အတွင် ကြံရည်ဖြင့် မျက်လုံးကို မဆေးကြောလျှင် မျက်လုံးကန်းနိုင်ပါတယ်။

https://s9.kh1.co/__image/w=600,h=415,q=100/c6/c6bd90c311ea2d63906b98313a97b818fa329460.jpg
https://s9.kh1.co/__image/w=600,h=398,q=100/d7/d7c10e03580071a9617258fb1ff65e1a26b42a76.jpg

ခူထောင်းထက် ပိုအန္တရာယ်ကြီးသည်မှာ ခူမီး ခေါ် ခူမီးတောက် ဖြစ်ပြီး ခူမီးရဲ့ ဦးခေါင်းဟာ ရှစ်မြောက် ဖန်ခွက်ပုံသဏ္ဍန် ရှိတတ်သလို ဘောလုံးကဲ့သို့ လုံးဝန်သော ပုံသဏ္ဌာန်လည်း ရှိပါတယ်။ အရွယ်အစားမှာ ခူထောင်းခန့်သာ ရှိသော်လည်း အမြီးတန်းမှာ တစ်လံကျော်သည်အထိ ရှည်လျား တတ်ပါတယ်။ ခူမီး၏ အမြှီးတန်းနှင့် ရစ်ပတ်ခြင်း ခံရပါက ယားယံခြင်း အပြင် ဆိုးဝါးသော ပူလောင်မှုကိုပါ ခံစားရမှာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မီးလောင်သကဲ့သို့ အဖုအပိန့်များ ပေါက်ပြီး ထိုမှတဆင့် အနာဖြစ်ကာ ယင်းအနာမှ တဆင့် ကြွက်သားများ ပျက်စီးခြင်း၊ အကြောများ ရှုံတွ၍ လက်ချောင်း ခြေချောင်းများ ကွေးကောက်ခြင်း စသည်ဖြင့် ခံစားရမှာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/4f/4fa76a6a167bbe68e9ae954e9716981687492dc9.jpg
https://s9.kh1.co/__image/w=600,h=450,q=100/4f/4f1fb548d1e8e064c78ff5da171d8bb55041d295.jpg

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T