တောင်းလို့ရသမျှ ပိုက်ဆံတွေကို မိမိအတွက်မသုံးတဲ့ တကယ့်လက်တွေ့ကမ္ဘာက Hero အဖိုးအိုး

//s9.kh1.co/c4/c46a8fd33092e92b56ead2c5087665e58bd7e57b.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-ဇန်-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးကို အခုတစ်ခေါက်ဖော်ပြပေးချင်တာလေးကတော့ လူ့တို့နေထိုင်ရာ လူ့လောကဘောင်ကြီးထဲက Heroတွေအကြောင်းပဲဖြစ်ပါတယ်။ Hero ဆိုတာ မိမိအကျိုးထက် တစ်ပါးသူရဲ့အကျိုးကို ထမ်းပိုးဆောင်ရွက်တတ်တဲ့ လူသားတွေဖြစ်ပြီး ဒီလိုလူမျိုးတွေဟာ ကမ္ဘာကြီးရဲ့ နေရာအနှံ့မှာ ရှိနေကြပါတယ်။ အခုတစ်ခေါက်မှာဖော်ပြပေးချင်တာကတော့ ဘူးဂေလ်းရီးယားနိုင်ငံက သူတောင်းစားအဘိုးအိုတစ်ဦးရဲ့ ထူးဆန်းလွန်းလှပြီး လေးစားဖွယ်ကောင်းလှတဲ့ စိတ်ဓာတ်အကြောင်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=796,q=100/47/47d54035a19c60477a2f71c471399a904da5f605.jpg
https://s9.kh1.co/__image/w=600,h=791,q=100/77/77ee97d920cf1cc93950b952b474cb735c06f4ff.jpg

ပုံမှန်အားဖြင့် မရှိဆင်းရဲသူတွေဟာ မိမိရဲ့ တစ်နေ့ဝမ်းစာအတွက် တစ်နေ့ပုံမှန်ဖြစ်အောင် မနည်းရုန်းကန်နေရတဲ့ ဘဝတွေပါ။ ဒါပေမယ့်လည်း ရိုးသားကြိုးစားတဲ့ သူတို့ရဲ့ဘဝအနေအထားဟာ မလှပပေမယ့်လည်း လှူချင်တန်းချင်စိတ်ကတော့ အမြဲရင်ထဲမှာရှိနေကြသူတွေချည်းပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ ဒီလိုရိုးသားပြီး ချစ်စရာကောင်းတဲ့ ဓလေ့ဟာ လူတိုင်းကိုယ်စီမှာရှိတာကို တွေ့ရမှာပါ။ အခုဖော်ပြပေးမယ့် အဘိုးအိုဟာလည်း ဒီလိုမြင့်မြတ်တဲ့ စိတ်ထားရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=774,q=100/84/84ac6691f9502c2e7b05dc723fdc5674dc6de478.jpg
https://s9.kh1.co/__image/w=600,h=286,q=100/d8/d8245fe15a8d9ef020b6a41c5a6302e09ba44e40.jpg

ဘူဂေးရီးယားနိုင်ငံက လမ်းမပေါ်မှာ တောင်းစားနေတဲ့ အသက် (၉၈)နှစ်အရွယ် အဖိုးအိုက အတော်လေးထူးဆန်း ပြီး တခြားသူတောင်းစားတွေလိုမဟုတ်ပဲ သူရသမျှပိုက်ဆံတွေကို မသုံးစွဲကာ လိုအပ်နေတဲ့သူတွေကို ပေးကမ်းလှူဒါန်းပြီး လမ်းပေါ်မှာပဲ နေတယ်လို့ ဆိုပါတယ် ။၂၀၁၀ ခုနှစ်ကဆိုရင် ဘူဂေးရီးယားနိုင်ငံရှိ ခရစ်ယာန်ဘုရားကျောင်းကို ယူရိုငွေ (၄၀,၀၀၀) လှူဒါန်းခဲ့ပြီး ဒေသတွင်းရှိ မိဘမဲ့ကလေးဂေဟာအတွက်လည်း အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူလှူးဒါန်းခဲ့တယ်လို့ သိရပါတယ်။ ကဲ ပရိသတ်ကြီးရေ အဘိုးအိုရဲ့ စိတ်ဓာတ်ကတော့ တစ်ကယ်ကို လေးစားစရာပါ။ ပရိသတ်ကြီးလည်း မရှိလို့ မလှူ ၊ မလှူလို့မရှိဆိုတဲ့ ဆိုရိုးစကားအတိုင်း အလှူအတန်းဒါနမှာ အရင်ကထက်ပိုပြီး သဒ္ဒါတရား ထက်သန်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

https://s9.kh1.co/__image/w=600,h=957,q=100/fd/fd3c68a941ad62ae0d68a3355eab28b7a7370482.jpg
https://s9.kh1.co/__image/w=600,h=677,q=100/ea/ea8f26dc1db099cc646649968ce97c8be3991dd6.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T