မေမြင့်မိုရ် ရုပ်ရှင်နဲ ့ဗွီဒီယိုပိုင်းအရိုက်နည်းရတဲ့ အကြောင်းအရင်း

ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေးမေမြင့်မိုရ်ဟာ ဇာတ်လမ်းတွဲတွေရိုက်ကူးမှုကနေပရိသတ်တွေရဲ ့နှစ်သက်အားပေးမှုကို ရရှိလာသူလေးဖြစ်ပါတယ်။

ဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက ပန်းနုသွေးလို ့ချစ်စနို်းနဲ ့ခေါ်ကြတဲ့ မေမြင့်မိုရ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဆုံစည်းခြင်းမိုးတိမ်များဇာတ်လမ်းတွဲကိုလည်း MRTV-4 ကနေ ထုတ်လွှင့်ပြသလျက်ရှိပါတယ်။

အရင်က နာမည်ကြီး အရိပ်ရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်းတွဲအဖြစ်ပြန်လည်ပုံဖေါ်ရာမှာလည်း မေမြင့်မိုရ်ဟာ အဓိက ဇာတ်ဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီအရိပ်ဇာတ်လမ်းတွဲမှာတာ့ သရုပ်ဆောင် စိုးမြတ်သူဇာ ရန်အောင်တို့နဲ့ အတူတွဲဖက်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒီလိုမျိုး ဇာတ်လမ်းတွဲတွေရိုက်ကူးဖြစ်နေပေမယ့် ရုပ်ရှင်နဲ ့ဗွီဒီယိုပိုင်းမှာတော့ အရိုက်နည်းနေရခြင်းအပေါ် မေမြင့်မိုရ်က Myanmar Celebrities ရဲ ့အင်တာဗျူးမှာ အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

"ဇာတ်ကား ရိုက်တွေကတော့ ပုံမှန်ပါပဲ ။ ဗီဒီယို ရုပ်ရှင် အရိုက်နည်းတာကျတော့ ဇာတ်လမ်းတွဲ ရိုက်ကူးတာကို ပိုပြီး အချိန်ပေးရတော့ အဲ့ဘက်ကို

တစိခါတစ်လေ အချိန်မပေးနိုင်တာတွေလည်းရှိတယ်။ အဲ့ဒါ ကြောင့်မို့ ကားရိုက်ကနည်းသွားတာပါ။

ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းတွဲတွေကလည်း ပရိသတ် စိတ်ဝင်စားမှုရှိကြတော့ ကိုယ့်အတွက်ကောင်းတာပေါ့နော်။

ဇာတ်လမ်းတွဲတွေကြောင့် မေမြင့်မိုရ်ဆိုပြီး ဖြစ်လာတာပါ။ ဇာတ်လမ်းတွဲတွေက ပရိသတ်ဆီက feedback အရမ်းမြန်တယ်။

ပြီးတော့ အရမ်းလည်းပေါက်တဲ့အခါကျတော့ ပရိသတ်တွေသတိထားမိပြီးတော့ နယ်ကပရိသတ်တွေက မေမြင့်မိုရ်ဆိုပြီးတော့ အသိအမှတ်ပြုကြတယ် "

လို့ပြောပြခဲ့ပါတယ်။

မေမြင့်မိုရ်က ရုပ်ရှင် ဗွီဒီယိုရိုက်ကူးမှုအနေနဲ ့ကတော့ သူမကိုလာကမ်းလှမ်းထားတာလေးတွေရှိပြီး သူမနဲ ့လိုက်ဖက်မှုရှိတဲ့ ဇာတ်လေးတွေဆိုရင် ရိုက်ကူးဖြစ်ပါတယ်လို ့လည်းပြောပြသွားခဲ့ပါတယ်။

သတင်းအရင်းမြစ် Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။