တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်မုန့်ခွံ့ကျွေးရင်း ညီအစ်မအရင်းတွေထက်တောင်ချစ်ကြတဲ့ စံထိပ်ထားဦးနဲ့အိချောပို ညီမလေးတို့ရဲ့ဗီဒီယို

//s9.kh1.co/25/2572a8cdbf5641a0030e1fab2d1db0a4108dddca.jpeg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဖြစ်တာကြောင့်  လူငယ်ဆန်ဆန်ဖက်ရှင်လေးတွေ  အမြဲရွေးချယ်  ဝတ်ဆင်လေ့ရှိပြီး  ပရိသတ်တွေရဲ့  ချစ်ခင်အားပေးမှုတွေကို  ရရှိထားသူကတော့  ကြော်ငြာမင်းသမီးချောလေး  စံထိပ်ထားဦးပဲ  ဖြစ်ပါတယ်။  သူမဟာ  မိခင်ဖြစ်သူ  ခိုင်သင်းကြည်ရဲ့ ဆုံးမမှုတွေကြောင့်  အနုပညာလောကမှာ  အချိန်တိုအတွင်း  နာမည်ရအောင်မြင်လာတာလည်း  ဖြစ်ပါတယ်။  သားအမိနှစ်ယောက်တွဲရိုက်တဲ့ ကြော်ငြာလေးတွေဆို ပရိသတ်တွေက  ပိုပြီးတောင်  ချစ်ခင်အားပေးကြတာလည်း  ဖြစ်ပါတယ်။

Photo Crd- San Htate Htar Oo’s Facebook Account 

ထိပ်ထိပ်လေးဟာ  လတ်တလော  ကျောင်းတွေမတက်ရသေးတာကြောင့်  အိမ်မှာနေရင်း  အပန်းဖြေအနားယူလေ့ရှိပြီး  တစ်ခါတစ်လေမှာလည်း  အချစ်ဆုံးသူငယ်ချင်းနဲ့  အပြင်ထွက်လည်လေ့ရှိတာလည်း  ဖြစ်ပါတယ်။  သူမရဲ့  အချစ်ဆုံးသူငယ်ချင်းကတော့  သရုပ်ဆောင်  မင်းသမီးချောလေး  အိချောပိုရဲ့ ညီမလေး ပိုးပိုးပဲ  ဖြစ်ပြီး  အားလပ်ချိန်တိုင်းနှစ်ယောက်အတူ တွေ့ဆုံလေ့ရှိတာလည်း  ဖြစ်ပါတယ်။  သူတို့နှစ်ယောက်တွဲရိုက်တဲ့ Tik Tok လေးတွေကိုလည်း  ပရိသတ်တွေအတွက်  အမြဲတင်ပေးလေ့ရှိတာလည်း  ဖြစ်ပါတယ်။

Photo Crd- San Htate Htar Oo’s Facebook Account 
Photo Crd- San Htate Htar Oo’s Facebook Account 
Photo Crd- San Htate Htar Oo’s Tik Tok  Account 
Photo Crd- San Htate Htar Oo’s Tik Tok  Account 
Photo Crd- San Htate Htar Oo’s Tik Tok  Account 
Photo Crd- San Htate Htar Oo’s Tik Tok Account 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  စံထိပ်ထားဦးရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု  တင်ထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  ဘယ်သွားသွားအချစ်ဆုံးသူငယ်ချင်းထိပ်ထိပ်လေးရဲ့လက်ကိုမြဲမြဲဆုပ်ကိုင်ကာလမ်းလျှောက်လေ့ရှိတဲ့ အိချောပိုညီမလေးရဲ့ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။  ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက်  အပြန်အလှန်မုန့်ခွံ့ကျွေးနေတာလည်း  မြင်ရသူတိုင်းကို  ချစ်မဝဖြစ်သွားစေမှာ အသေချာပါပဲ။  ပရိသတ်တွေအားလုံးလည်း  ကြည့်ရှုခံစားနိုင်အောင်  ဒီဗီဒီယိုဖိုင်လေးကို  တစ်ဆင့်  ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- San Htate Htar Oo’s Facebook and Tik Tok Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T