အနုပညာမျိုးရိုးမရှိဘဲ သရုပ်ဆောင်တာကို ဝါသနာပါလွန်းတာကြောင့် ကြိုးစားအားထုတ်ခဲ့တာကြောင့် အခုလိုအောင်မြင်မှုတွေ ရရှိလာသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဆုမြတ်နိုးဦးပဲ ဖြစ်ပါတယ်။ သူမရဲ့အသံဝဲဝဲလေးကိုလည်း ပရိသတ်တွေက ချစ်မြတ်နိုးနေကြတာလည်း ဖြစ်ပါတယ်။ လူတိုင်းအပေါ်ကူညီချင်စိတ်ရှိပြီး သူငယ်ချင်းတွေအပေါ်မှာလည်း အနွံတာခံသူဖြစ်တာကြောင့် လူချစ်လူခင်ပေါများနေတာလည်း ဖြစ်ပါတယ်။
ဆုမြတ်နိုးဦးဟာ အနုပညာလောကထဲရောက်ရှိတာ ဆယ်စုနှစ်ကျော်ပြီဖြစ်ပြီး ဗီဒီယိုဇာတ်ကားများနဲ့ ရုပ်ရှင်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး Live Sales တွေလည်း ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ အားလပ်ရက်များမှာလည်း သူငယ်ချင်းတွေနဲ့အတူ အချိန်ကုန်ဆုံးလေ့ရှိပြီး မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သူငယ်ချင်းသုံးယောက်ဖွင့်ထားတဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ ဂိမ်းအတုံးကိုပြုတ်မကျအောင်တင်နေတဲ့ကျော်ကျော်အားဘေးကနေမလှုပ်မယှက်မေးလေးထောက်ကာကြည့်နေတဲ့ ဆုမြတ်နိုးဦးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ Page တွင်လည်း " အတုံးထုတ်ကြသူများ????" ဆိုပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- N-H-K ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ Facebook page and Hsu Myat Noe Oo’s Facebook Account