ကြိုဆိုပါတယ်ဘုန်းသစ္စာမင်း


ပြီးခဲ့တဲ့စင်ကာပူနဲ့ပွဲမှာ မြန်မာဂိုးသမားလေးဘုန်းသစ္စာမင်း

လက်စွမ်းပြခဲ့သလိုပေးဂိုးမရှိဘဲ Cleen Sheet ရခဲ့ပါတယ်။

အမိုင်ရူဒင်၊ဖန်ဒီတို့ရဲ့အပိုင်ကန်ချက်တွေကိုလက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး

ပရိသတ်တွေရဲ့ယုံကြည်မှုကိုစတင်ရရှိခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။အမြင့်ဘောအားနည်းတယ်၊ပျာလွန်းတယ်စတဲ့ဝေဖန်ချက်တွေကိုအကောင်းဆုံးချေဖျက်ပြခဲ့ပါတယ်။


တပည့်ရင်းမျိိုးမင်းလတ်ကိုတောင်ချန်လပ်ခဲ့ပြီးဘုန်းသစ္စာမင်း

ကိုနေရာပေးခဲ့တဲ့နည်းပြကြီးဂတ်ရဲ့ယုံကြည်မှုမှန်ကန်ခဲ့တယ်လို့ဆိုရမှာပါ။ညွှန့်ပေါင်းနဲ့ပွဲကစပြီးပေးလာရတဲ့ဂိုးတွေလည်းစင်ကာပူနဲ့ပွဲမှာတော့အဆုံးသတ်ခဲ့ရပါပြီ။ဘုန်းသစ္စာမင်းရဲ့အဓိကအားနည်းချက်တစ်ခုကစီနီယာနောက်တန်းတွေအပေါ်လွှမ်းမိုးနိုင်မှု အားနည်းတာပါပဲ။

ဒါပေမယ့်ပြီးခဲ့တဲ့စင်ကာပဲူ့ပွဲမှာတော့သီဟထက်အောင်ကိုရန်မူဖို့ပြေးလာတဲ့ကစားသမားကိုတားဆီးခဲ့တဲ့သူ့ရဲပုံရိပ်ဟာလည်း

စီနီယာတွေကသူ့အပေါ်အမြင်ကိုပြောင်းလာစေတယ်လို့

ပြောလို့ရပါတယ်။ပြောရမယ်ဆိုရင်တော့နောက်တန်းတွေနဲ့ဂိုးသမားတစ်သားတည်းဖြစ်လာပြီလို့ဆိုရမှာပါ။ကြိုဆိုပါတယ် ဘုန်းသစ္စာမင်းရေ။

photo:mff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။