အသက်ငယ်ပေမဲ့ အိုက်တင်မျိုးစုံကို လုပ်ပြတတ်တဲ့ တူမလေးရဲ့ အံ့မခန်းသရုပ်ဆောင်စွမ်းရည်ကိုပြလိုက်တဲ့ ခြူးလေးရဲ့ ဗီဒီယို

//s9.kh1.co/79/79af3e1deedabd0b63c11b0f71893b239dbb7aa6.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီးချောလေး ခြူးလေးကတော့ အနုပညာနယ်ပယ်မှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာလည်း ဘယ်လိုဇာတ်ကောင်တွေပဲ ဖြစ်ဖြစ်သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်ထားနိုင်ကြောင့် အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ကြော်ငြာတွေအပြင်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေတာ တွေ့မြင်ရပါတယ်။

PhotoCredit - Chue Lay fb page
PhotoCredit - Chue Lay fb page
PhotoCredit - Chue Lay fb page
PhotoCredit - Chue Lay fb page

ခြူလေးကတော့ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားကာ ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ဒါ့အပြင် ဝတ်စားဆင်ယဥ်မှုမှာလည်း ဘယ်လိုဖက်ရှင်တွေပဲဖြစ်ဖြစ် လိုက်ဖက်အောင်လည်း ဝတ်ဆင်တတ်တာ တွေ့ရပါတယ်။ ယခုမှာတော့ ခြူးလေးက ပရိသတ်တွေ အံ့အားသင့်စရာကောင်းမယ့် တူမလေး အိုက်တင်စွမ်းရည်ပြသထားတဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

PhotoCredit - Chue Lay fb page
PhotoCredit - Chue Lay fb page
PhotoCredit - Chue Lay fb page
PhotoCredit - Chue Lay fb page

ဒီဗီဒီယိုလေးထဲမှာတော့ ခြူးလေးရဲ့ တူမလေးက ငိုဆိုရင်ငို ၊ ရယ်ဆိုရင် ရယ်ပြကာ အဒေါ်နဲ့အတူ အိုင်တင်မျိုးစုံလုပ်ပြနေတာကို ရိုက်ထားတာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ခြူးလေးက ကိုယ် ရုပ်ရှင် မရိုက်တော့ဘူး ..... သူဘဲ ရိုက်လိမ့်မယ် ....( ကလေးကိုယ်တိုင်က အဲ့လို မရိုက်ရလို့ ငိုနေလို့ ပါ ရှင် ကလေးကို နှိပ်စက်တာမဟုတ်ပါဘူး အိမ်မှာ လာကြည့်ပါ အိုက်တင်ပေါင်း ၂သိန်းလုပ်နေလို့ပါ )" ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း ခြူးလေးတို့ တူရီးနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်Video Credit & Source - Chue Lay fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T