မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ အနုပညာလောကမှာ ကလေးဘဝထဲက စတင်လျှောက်လှမ်းလာခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားတွေကိုလည်း များစွာရိုက်ကူးထားခဲ့ပြီး ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့်လည်း အောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဝါဆိုမိုးဦးက ကြော်ငြာတွေအပြင် အလန်းစား photo shooting တွေ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။
ဝါဆိုမိုးဦးက အချိုးအစားလှပတဲ့ ကိုယ်လုံးလေးအပြင် ကြွေရက်စရာ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတာတဲ့ သူပဲဖြစ်ပါတယ်။မကြာခဏဆိုသလို သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာပုံလေးတွေကို ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာလည်း ဝါဆိုမိုးဦးက ပရိသတ်တွေချစ်အားပိုမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယိုလေးထဲမှာတော့ ဝါဆိုမိုးဦးက လှပတဲ့ပန်းခင်းကြီးထဲမှာ ဆွဲဆောင်မှုရှိတဲ့ အမူအရာလေးတွေနဲ့ ပို့စ်ပေးကာ ဖမ်းစားထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဝတ်ဆင်ထားတဲ့ အဖြူရောင်ဝတ်စုံလေးကလည်း သူမရဲ့ပင်ကိုယ်အလှတရားတွေနဲ့ လိုက်ဖက်ပြီး ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ...ပရိသတ်ကြီးရေ ပန်းတွေနဲ့ အပြိုင်လှပလွန်းနေတဲ့ ဝါဆိုမိုးဦး ရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ VideoCredit & Source - Warso Moe Oo fb account