သက်ကြီးရွယ်အို လူရွှင်တော်များအတွက် အလှူငွေလှူဒါန်းခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

မကြာခဏဆိုသလို အလှူဒါနတွေကို ပြုလုပ်ဖြစ်တဲ့ မော်ဒယ်နဲ ့သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ ဒီနေ ့မှာလည်း ကောင်းမြတ်တဲ့ အလှူဒါနလေးကို ပြုလုပ်ဖြစ်ခဲ့ပါတယ်။

နန်းမြတ်ဟာ သူမကိုယ်တိုင် ပြဇာတ်ထဲမှာ လူရွှင်တော်လုပ်ကာ ပရိသတ်တွေကို ဖျော်ဖြေဖူးပြီး သင်ယူဖို ့လိုအပ်တဲ့ သိမြင်စရာတွေကို လူရွှင်တော်များထံမှ လေ့လာဖြစ်ခဲ့တယ်လို ့သိရပါတယ်။

ဒါကြောင့်မို ့သူမရဲ ့သင်ဆရာ မြင်ဆရာ ကြားဆရာများဖြစ်တဲ့အတွက် လိုအပ်တဲ့ အချိန်မှာ တစ်ထောင့်တစ်နေရာကနေ အခုလို အလှူငွေ ၁ သိန်း ပါဝင်လှူဒါန်းခွင့်ရတာကို ဝမ်းသာပီတိဖြစ်မိတယ်လို ့နန်းမြတ်က ဆိုပါတယ်။

ဒီလို မွန်မြတ်တဲ့အလှူကို ပြုလုပ်နိုင်ဖို ့အတွက် အလှူငွေကောက်ခံပေးတဲ့ ကိုပန်းသီးကိုလည်း နန်းမြတ်က ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ ဆရာဝန်အလုပ်ကို စွန် ့လွှတ်ပြီး ဝါသနာပါရာ အနုပညာလမ်းကြောင်းကို ကြိုးစားလျှောက်လှမ်းနေသူလည်းဖြစ်ပါတယ်။ 

သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ကြောက် ကြောက် ကြောက် ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လမှာ ရုံတင်ပြသဖို ့ရှိပြီး ရပ်ကျော်ရွာကျော်ရုပ်ရှင်ဇာတ်ကားကိုတော့ ဒီလပိုင်းမှာ ရုံတင်ဖို ့ရှိတယ်လို ့သိရပါတယ် ။ 

သတင်းအရင်းမြစ် Nan Myat Phyo Thin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။