ဆိုးရွားလှတဲ့ မတော်တစ်ဆမှုကြောင့် မျက်နှာတစ်ခုလုံး ပျက်စီးသွားခဲ့ရတဲ့ အမျိုးသား

//s9.kh1.co/7a/7aa9790cc5e7cfd9176bf4389d857c3a579b4c70.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုယ့်ရဲ့လက်ရှိဘဝမှာ ဘယ်လောက်ပဲကောင်းအောင်နေထိုင်နေနေ မထင်မှတ်ထားတဲ့အချိန်လေးမှာ ကြုံတွေ့ခဲ့ရတဲ့ မတော်တဆမှုတွေကနေ ဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားတဲ့ အဖြစ်မျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။အဲ့ဒီလိုပဲ Dallas Weins လို့ခေါ်တဲ့အမျိုးသားတစ်ဦးဟာဆိုရင်လည်း သူ့ရဲ့တစ်ဘဝလုံး ကောင်းမွန်စာနေထိုင်လာပေမယ့် မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး သူ့ရဲ့မျက်နှာတစ်ခုလုံးဟာ ပျက်စီးသွားခဲ့ရပါတယ်။

photo credit - abcnews
photo credit - abcnews
photo credit - abcnews
photo credit - abcnews

ဒါ့ကြောင့် Dallas Weins ဟာ သူ့ရဲ့သမီးလေးမျက်နှာကိုတောင် မြင်တွေ့ဖို့ခက်ခဲခဲ့ပြီး သူ့ရဲ့ပျက်စီးသွားတဲ့ မျက်နှာကို ခွဲစိတ်ဖို့ ကြိုးစားခဲ့ပါတယ်။Dallas Weins ဟာ သူ့ရဲ့မျက်နှာကို ခွဲစိတ်ဖို့အတွက် အသေးစား ခွဲ စိတ်မှုပေါင်း ၂၂ခုကျော်ကို ပြုလုပ်ခဲ့ပြီး မျက်နှာတစ်ခုလုံး ဘာမှမရှိတဲ့ အနေအထားနဲ့ အချိန်အတော်ကြာတဲ့ အထိနေခဲ့ရပါတယ်။လအတော်အကြာ တဲ့အခါမှာတော့ ဆရာဝန်အယောက် ၃၀ အပါအဝင် အကူသူနာပြုတွေနဲ့ သူ့ရဲ့ မျက်နှာကို ခွဲ စိတ်ကုသဖို့အတွက် ထပ်မံကြိုးစားခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဆရာဝန်တွေရဲ့ ကြိုးစားပမ်းစားခွဲစိတ်မှုကြောင့် အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ပြီး ဘ၀ အသစ်တစ်ခုကို ပြန်စဖို့ မျက်နှာအသစ်တစ်ခုကို ရရှိခဲ့ပါတယ်။

photo credit - abcnews
photo credit - abcnews
photo credit - abcnews
photo credit - abcnews
photo credit - abcnews
photo credit - abcnews

ခွဲစိတ်မှုတွေ မပြီးဆုံးခင်အထိ Dallas ဟာ သမီးလေးကို ပွေ့ဖက်ပေးရုံသာတက်နိုင်ခဲ့ပြီး အနမ်းလေးတောင် ပေးခွင့်မရခဲ့ပါဘူး ။ ဒါ့အပြင် Dallas ဟာ ရုပ်ဆိုးလွန်းတဲ့ သူ့ရဲ့မျက်နှာကို သမီးလေးမြင်ပြီးလန့်နေမှာကို စိုးရိပ်ခဲ့ပေမယ့်လည်း သမီးလေးကတော့ မကြောက်ရွံ့တဲ့အပြင် Dallas အနားပဲ တစ်ချိန်လုံး အနီးကပ်ပြုစုပေးခဲ့ပါတယ်။ခွဲစိတ်မှုတွေပြီးသွားတဲ့အချိန်မှာတော့ Dallas ဟာ သူစိတ်ကူးထားတဲ့အတိုင်း သူ့ရဲ့သမီးလေးကို အနမ်းလည်းပေးနိုင်ခဲ့သလို  ဘဝအသစ်တစ်ခုကိုစတင်ပြီး မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင် နိုင်ခဲ့ပါတယ်။

photo credit - abcnews
photo credit - abcnews
photo credit - abcnews
photo credit - abcnews
photo credit - abcnews
photo credit - abcnews
photo credit - abcnews
photo credit - abcnews

သတင်း အရင်းအမြစ်abcnews

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T