MRTV - 4 မင်းသမီးချောလေး မေမြင့်မိုရ် ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း ကြိုးစားအားထုတ်မှုတွေကြောင့် နေရာတစ်နေရာ ရပ်တည်လာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မေမြင့်မိုရ်ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ပါဝင်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ လတ်တလော အနုပညာအလုပ်တွေကိုတော့ ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးဖြစ်တာကြောင့် ခဏတာရပ်နားထားတာ ဖြစ်ပါတယ်။
မေမြင့်မိုရ် က ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေအပြင် ကြွေရက်စရာကောင်းတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ မကြာခဏ ဆိုရင်လည်း သူမရဲ့ နေ့စဥ်လှုပ်ရှာမှုပုံရိပ်လေးတွေ နဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးပါတယ်။ ယခုမှာတော့ မေမြင့်မိုရ်က ပရိသတ်တွေ ချစ်အားပိုလောက်မယ့် ချစ်စရာပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ မေမြင့်မိုရ် က လွတ်လပ်ပေါ့ပါးတဲ့ ကိုယ်ကျပ်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး စူးရှတဲ့ အကြည့်စူးစူးလေးတွေနဲ့ ဖမ်းစားထားတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မေမြင့်မိုရ် က " သူအနားနား အမြဲတမ်းဝဲပျံနေတဲ့စိတ်ကူးလေးတွေ" ဆိုတဲ့ caption လေးနဲ့ ရေးသားထားပါသေးတယ်။ ကဲ..ပရိသတ်ကြီးရေ ကြွေရက်စရာကောင်းတဲ့ အလန်းစားပုံလေးတွေနဲ့ ဖမ်းစားထားတဲ့ မေမြင့်မိုရ် ရဲ့ ပုံလေးတွေကို ပြန်လည်ထော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - May Myint Mo fb account