ဒေါက်ဖိနပ်အမြင့်ကြီးစီးကာ အပြေးလေ့ကျင့်နေတဲ့သူတွေရဲ့ဘေးနားလာပြီး စကေးတွေထုတ်ပြလိုက်တာကြောင့် အကုန်အံ့အားသင့်သွားရတဲ့ Sinon Lorescaရဲ့ အခွီးဗီဒီယို

//s9.kh1.co/c8/c8c04a0aa3e33d7fc84b1357468df961197d62fa.jpg
အနုပညာရှင်များ

 ၂၂-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဖိလစ်ပိုင်နိုင်ငံသား မော်လ်ဒယ် Sinon Loresca ကတော့ မြန်မာပြည်ကပရိသတ်တွေ ရဲ့ အချစ်တွေကို အချိန်အတိုတွင်း ရရှိခဲ့သူပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ Sinon Loresca ဟာ ဖြူစင်စိတ်ထားလေးတွေအပြင် ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် လူတွေသိထားမိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာပြည်မှာနေထိုင်ပြီး အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် Photo Shooting တွေကိုလည်း ရိုက်ကူးနေရတာတွေ့မြင်ရပါတယ်။

photo credit - Sinon Loresca fb page
photo credit - Sinon Loresca fb page
photo credit - Sinon Loresca fb page
photo credit - Sinon Loresca fb page

ဒါ့အပြင် သူဟာ အောင်မြင်မှုတွေရရှိနေခဲ့ပေမယ့်လည်း သဒ္ဒါတရားထက်သန်ပြီး သူ့ရဲ့ ဖြူစင်တဲ့ စိတ်ထားလေးကတော့ တကယ့်ကို လေးစားစရာကောင်းလောက်ပါတယ်။ Sinon Loresca က သူ့ကိုချစ်တဲ့သူတွေအတွက်လည်း ကြည်နူးစရာနဲ့ ရယ်စရာဗီဒီယိုလေးတွေကို မကြာခဏဖော်ပြပေးလေ့ရှိပါတယ်။ယခုမှာတော့ Sinon Loresca က ပရိသတ်တွေ ရယ်မောသွားစေမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

photo credit - Sinon Loresca fb page
photo credit - Sinon Loresca fb page
photo credit - Sinon Loresca fb page
photo credit - Sinon Loresca fb page

ဒီဗီဒီယိုလေးထဲမှာတော့ Sinon Loresca က Gym ဆော့ကစားရင်း လမ်းလျှောက်တဲ့စက်ပေါ်မှာ သာမန်သူတွေ မနည်းလမ်းလျှောက်နေရတဲ့ အချိန်မှာ ဒေါက်ဖိနပ်ကိုစီးတာ ကျွမ်းကျင်တဲ့ စကေးကိုပြထားတဲ့ အခွီး ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် သူနဲ့အတူ ဆော့ကစားတဲ့သူတွေက Sinon Lorescaရဲ့ ဖိနပ်စီးကျွမ်းကျင်မှုကို တအံ့တသြငေးမောနေရတာ တွေ့ရပါတယ်။ ပရိသတ်တွေလည်း Sinon Loresca ရဲ့ ချစ်စရာ ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်VideoCredit & Source - Sinon Loresca fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T