စေတီပုထိုးတွေဆိုတာ ဗုဒ္ဒဘာသာဝင်များအထွတ်အမြတ်ထားရာနေရာတွေပါ ။

ပျက်ဆီးယိုယွင်းရင်တောင် အမြန်ပြန်လည်ပြုပြင်လေ့ရှိပါတယ် ။

အခုအဖြစ်အပျက်ကတော့ ငိုကြွေးကြရုံကလွဲပြီး မတတ်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်သွားခဲ့တာပါ ။

မြစ်ထဲကိုစေတီတစ်ဆူလုံးပြိုကျသွားပြီး ဒေသခံတွေ ငိုကြွေးနေကြတဲ့ ရုပ်သံလေးတစ်ခု အွန်လိုင်းပေါ်ကိုရောက်ရှိလာခဲ့ပါတယ် ။

ပခုက္က္ကူမြို့နယ်၊ အနောက်သီရိကျေးရွာက သီရိရတနာ ပြည်လုံးချမ်းသာစေတီဟာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုတဲ့အထဲ နစ်မြုပ်ပြိုကျသွားခဲ့တာပါ

။ ထိုဖြစ်ရပ်ကို အစအဆုံးဒီတိုင်းကြည့်နေရုံအပြင်မတတ်နိုင်တဲ့ ဒေသခံ ပြည်သူတွေရဲ့ ငိုကြွေးသံတွေနဲ့ စေတီတော်ကြီး ပြိုကျသွားခဲ့တဲ့ဖြစ်ရပ်အစအဆုံး မြင်ကွင်းကို မြင်သူတိုင်းက စိတ်မကောင်းဖြစ်နေရပါတယ် ။ သဘာဝတရားကိုလွန်ဆန်လို့မရနိုင်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ကြည့်မိသူတိုင်း ရင်နင့်စေတဲ့ အဖြစ်အပျက်ကလေးတစ်ခုအဖြစ် မှတ်မိနေတော့မှာပဲဖြစ်ပါတယ် ။

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါ)

သတင်းအရင်းမြစ် Original Owner

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။