နှစ်ပေါင်း 5000 ကျော်လာသည့်တိုင်အောင် လက်ချင်းချိတ်ပြီး အတူရှိနေတဲ့ အရိုးစုစုံတွဲ

//s9.kh1.co/dd/dd5c6b3a91a3c1f98101c62e918ad115f4c86791.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အီတလီနိုင်ငံအတွင်းမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာထဲကနေ ယနေ့ထက်ထိတိုင် မကွဲမကွာရှိနေတဲ့ စုံတွဲတစ်တွဲရှိခဲ့ပါတယ်။သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပါင်း 5000 လောက်ထဲကသေဆုံးသွားခဲ့တာဆိုပေမယ့် အရိုးစုတွေကတော့ ယနေ့ထက်ထိ အတူယှဉ်တွဲရှိနေဆဲဖြစ်ပါတယ်။

photo credit - Reuters
photo credit - Reuters

ဒီစုံတွဲရဲ့အရိုးစုကိုတော့ 2007 ခုနှစ်တုန်းက အီတလီနိုင်ငံမှာရှိတဲ့ Valdaro ရွာကလေးမှာ ဆောက်လုပ်ရေးအတွက် မြေတူးဖော်နေစဉ် မှာ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ တူးဖော်ခဲ့တဲ့ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ထို အရိုးစု နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု မျက်နှာချင်းဆိုင် လဲလျောင်းနေပြီး လက်မောင်းနဲ့ ခြေထောက်ချင်း လည်း ချိတ် လျက်ရှိနေတယ်လို့ သိရပါတယ်။

photo credit - Reuters
photo credit - Reuters

တူးဖော်သူတွေဟာ ချစ်သူနှစ်ဦးရဲ့ အရိုးစုတွေကို မကွဲမကွာအောင် သေချာ အနုစိတ် တူးဖော်ပြီး ထုတ်ယူခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ ၎င်းချစ်သူနှစ်ဦးရဲ့ အရိုးစုတွေကို အီတလီနိုင်ငံရဲ့ Mautua မြို့မှာ ရှိတဲ့ ပြတိုက်မှာ နဂိုမူလအတိုင်း ပြသထားပါတယ်။ ဒါ့အပြင် ၎င်းစုံတွဲအရိုးစုကိုတူးဖော်တွေ့ရှိခဲ့တဲ့အတွက် Lovers of Valdaro လို့လည်း ချစ်စနိုးအမည်ပေးခဲ့ကြပါတယ်။

photo credit - Reuters
photo credit - Reuters
photo credit - Reuters
photo credit - Reuters

သတင်း အရင်းအမြစ်Reuters

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T