ကြည်နူးပီတိဖြစ်စရာ မွန်မြတ်လှတဲ့ အလှူလေးတွေကို ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ မှတ်တမ်းတင် ဗီဒီယိုလေးကို ချပြလာတဲ့ အဆိုတော်မလေး G

//s9.kh1.co/2c/2ccd0f10d9fa59e321f5f641f4cfd0eb4716960d.jpg
အနုပညာရှင်များ

 ၂၂-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမလေးဖြစ်တဲ့ အဆိုတော် G ကို အားလုံးသိကြမယ်လို့ထင်မိပါတယ်။ အဆိုတော်မလေး G ဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီးအဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ The Voice Myanmar မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ G က ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို အကောင်းမွန်ဆုံး ရပ်တည်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Photo Credit- G vocals fb page
Photo Credit- G vocals fb page
Photo Credit- G vocals fb page
Photo Credit- G vocals fb page

ဘာကြောင့်လဲဆိုရင်တော့ G ဟာ မိဘတွေက ငွေကြေးချမ်းသာကြွယ်ဝပေမဲ့လည်း ကိုဗစ်ကာလလေးမှာ လူမှုရေးအကျိုးပြုတဲ့ ပရဟိတအလုပ်တွေကို နေ့မနားညမနားလုပ်ကိုင်ပေးတဲ့ အပြင် သူမရရှိတဲ့ အနုပညာငွေကြေးထဲကနေ အလှူအတန်းတွေကို ရက်ရက်ရောရောလှူဒါန်းပေးတဲ့ လေးစားစရာ စိတ်ထားလေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ယခုမှာတော့ G က ကြည့်မိသူတိုင်း ကြည်နူးစေမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- G vocals fb page
Photo Credit- G vocals fb page
Photo Credit- G vocals fb page
Photo Credit- G vocals fb page

ဒီဗီဒီယိုလေးကတော့ G ရဲ့ တစ်နေ့တာ အလှူလေးတွေကို ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ ကြည်နူးစရာမှတ်တမ်းတင် ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း G က "ညီမ နှင့် Penguin Milk Powder နို့မှုန့် တို့ ပူးပေါင်းပြီးဇန်နဝါရီလ (၁၄) ရက်နေ့တွင် မှန်ကင်း ပရဟိတကျောင်း (၁) အတွက် ဆန်၊ ဆီ နှင့် နို့မှုန့် တို့ကို လှူဒါန်းခဲ့ပါတယ် " ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ပရိသတ်တွေလည်း မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ အဆိုတော်မလေး G ကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်...။

သတင်း အရင်းအမြစ်VideoCredit & Source - G vocals fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T