ခြေတစ်လှမ်းချလိုက်တာနဲ့ အောက်ကိုမကြည့်ရဲလောက်အောင် ဖြစ်သွားမယ့် ထိတ်လန့်ဖွယ်ရာ တံတားများ

//s9.kh1.co/99/99d4fcda5ed96202684d59df9e485b0f7c430be2.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ခုတစ်ခေါက်မှာ ဖော်ပြပေးချင်တာကတော့ ကမ္ဘာ့နိုင်ငံအသီးသီးက ကြောက်မက်ဖွယ်ရာ အကောင်းဆုံးတံတားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း တစ်နေရာနဲ့ တစ်နေရာ လမ်းပန်းဆယ်သွယ်ရေး ကောင်းမွန် အဆင်ပြေအောင် လုပ်ဆောင်တဲ့ နေရာမှာ တံတားတွေရဲ့ အခန်းကဏ္ဍဟာလည်း အတော်လေးကို အရေးပါတယ်လို့ ပြောလို့ရပါတယ်။ ခုဖော်ပြေပေးမယ့် တံတားတွေကတော့ အပေါ်ကပြောခဲ့တဲ့ တံတားတွေနဲ့ လုံးဝကို ဆန့်ကျင်ဖက်ဖြစ်ပြီး အန္တရာယ်အရှိဆုံးလို့ သတ်မှတ်ခံထားရတဲ့ တံတားတွေပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/9d/9d84fd29bc9293b8a448bdf9bed65204acd76f68.jpg
https://s9.kh1.co/__image/w=600,h=400,q=100/fc/fcd427391b366a483471433ccb8e419af80ccde1.jpg

ပုံတစ်ပုံချင်းစီကို ကြည့်လိုက်မယ်ဆိုရင် နှလုံးရောဂါအခံရှိတဲ့သူတွေ ၊ အသည်းငယ်ပြီး အမြင့်ကြောက်တတ်တဲ့ သူတွေ သွားဖို့ မသင့်ဖူးလဲဆိုတာ သဘောပေါက်သွားကြမှာပါ။ ခေတ်ကာလကြာမြင့်လို့ ဟောင်းနွမ်းပြီး ပျက်စီးသွားတဲ့ တံတာတွေလည်း ရှိသလို တမင်တကာ အသည်းယားဖွယ်ပုံစံ ဖြစ်အောင် ဆောက်လုပ်ထားကြတာမျိုးလည်း ရှိပါတယ်။ တချို့တံတားတွေဆိုရင် ဖျက်ကူးဖို့ မသင့်တော်လောက်အောင် ယိုင်နဲ့နဲ့ လေးပဲ ကျန်တော့တာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=673,q=100/b4/b421e84f0c806e6ca0d6db259e1522a8eee353c9.jpg
https://s9.kh1.co/__image/w=600,h=398,q=100/33/33599781eeb4c76491dd85753a3ddadde7a8b36e.jpg

ဒါပေမယ့်လည်း ဒီလို တံတားတွေထဲမှာ နာမည်ကြီးတံတားတွေလည်း ပါဝင်ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာလှည့် ခရီးသွားတွေ လည်ပတ်နေကြတာပဲ ဖြစ်ပါတယ်။ တကယ်လို့ ပရိသတ်ကြီးထဲမှာ အမြင့်ကြောက်တတ်တဲ့သူတွေ ပါခဲ့ရင် အသည်းယားစရာ တံတားတွေကို ဖြတ်သန်းတဲ့အခါ အောက်ကို အတတ်နိုင်ဆုံးမကြည့်မိအောင် သတိထားပါ၊ အသက်ကို ဝအောင်ရှုပြီး စိတ်ငြိမ်ငြိမ်နဲ့ တစ်လှမ်းချင်း ဖြတ်သွားသင့်တယ်လို့ အကြံပေးလိုက်ရပါတယ်နော်။

https://s9.kh1.co/__image/w=600,h=452,q=100/d2/d24b75adfdae2ae8ac47c97605839838a7d929be.jpg
https://s9.kh1.co/__image/w=600,h=385,q=100/ca/ca8b95189fb99e4aca8e5ce65e3d06b29a5543f9.jpg

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T