နီနီခင်ဇော်ရဲ့ သီချင်းလေးကို အသည်းယားစရာကောင်းတဲ့ ကိုယ်ဟန်အမူအရာလေးနဲ့ ဆော့ကစားထားတဲ့ ဖြူဖြူထွေးရဲ့ tik tok ဗီဒီယို

//s9.kh1.co/0a/0a6e208f61dd2b2cf7420c5e0fe2bb21fac3b40f.jpg
အနုပညာရှင်များ

 ၂၃-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ဟာသဗီဒီယိုလေးတွေနဲ့ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ ရင်ထဲကို ချစ်ခင်မှုတွေနဲ့ ရောက်ရှိခဲ့တဲ့သူပဲဖြစ်ပါတယ်။လက်ရှိမှာတော့ သူမရဲ့ အကောင်းဆုံးကြိုးစား အားထုတ်မှုတွေကြောင့် ကြော်ငြာတွေကို မနားတမ်းရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ်။ ဖြူဖြူထွေးရဲ့ လေးစားစရာကတော့ အနုပညာကနေရရှိတဲ့ ငွေကြေးတချို့ကိုလည်း လိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက် လှူဒါန်းပေးတဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေအပြင် အနုပညာမောင်နှမတွေကလည်း ချစ်ခင်နေရတာဖြစ်ပါတယ်။

Photo Credit - Amazing Grace (photography)
Photo Credit - Amazing Grace (photography)
Photo Credit - Amazing Grace (photography)
Photo Credit - Amazing Grace (photography)

လတ်တလောမှာလည်း ဖြူဖြူထွေးက ကြော်ငြာတွေရိုက်ကူးရေးလုပ်ရင်း အပျင်းအပြေ tik tok လေးတွေ ဆော့ကစားတာတွေ့ရပါတယ်။ ဒါ့အပြင် သူမရဲ့ tik tok လေးတွေကလည်း ဆွဲဆောင်မှုရှိတာကြောင့် ပရိသတ်တွေ သဘောကျနေရတာဖြစ်ပါတယ်။ ယခုမှာလည်း ဖြူဖြူထွေးက ပရိသတ်တွေချစ်အားပိုမယ့် tik tok လေးကိုတင်ပေးလာခဲ့ပါတယ်။

Photo Credit -  Phyu Phyu Htwe fb page
Photo Credit - Phyu Phyu Htwe fb page
Photo Credit -  Phyu Phyu Htwe fb page
Photo Credit -  Phyu Phyu Htwe fb page

ဒီဗီဒီယိုလေးထဲမှာတော့ ဖြူဖြူထွေး က နာမည်ကြီးနေတဲ့ နီနီခင်ဇော် ရဲ့ သီချင်းလေးအတိုင်း အသည်းယားစရာအိုက်တင်တွေ လုပ်ပြီး ဆော့ကစားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဒီ tik tok လေးကို သဘောကျချစ်ခင်မယ်လို့မျှော်လင့်မိပါတယ်။ ဖြူဖြူထွေး ရဲ့ပရိသတ်တွေ ပြန်လည်ကြည့်ရှု့လို့ရအောင် ချစ်စရာ tik tok လေးကို ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Phyu Phyu Htwe Tik Tok Acc

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T