မင်္ဂလာသက်တမ်း ၁၁ နှစ်ပြည့်သွားခဲ့တာကြောင့် ဇနီးဖြစ်သူ ချစ်အားပိုလောက်အောင် စကားလုံးလှလှလေးတွေနဲ့ ဖွဲ့နွဲ့ကာ ပြောလာခဲ့တဲ့ အဆိုတော်ဝေလျှံ

//s9.kh1.co/ae/ae2fdae2db68b4512ac7595200abb2bc2c26d0d6.jpg
အနုပညာရှင်များ

 ၂၃-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ဂီတလောကမှာ အောင်မြင်မှုတွေနဲ့အတူ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့တဲ့ အဆိုတော် ဝေလျှံကိုတော့ အားလုံးသိကြမယ်လို့ထင်မိပါတယ်။ ဝေလျှံဟာ တေးသီချင်းများစွာထွက်ရှိထားပြီး သူ့ရဲ့ သီချင်းတွေက ယနေ့တိုင်အောင် အောင်မြင်နေဆဲပဲ ဖြစ်ပါတယ်။ ဝေလျှံက ဂီတနယ်ပယ်မှာသာမကပဲ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ကြိုးစားလုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit- Wai Hlian Phyo fb account
Photo Credit- Wai Hlian Phyo fb account
Photo Credit- Wai Hlian Phyo fb account
Photo Credit- Wai Hlian Phyo fb account

လက်ရှိမှာတော့ ဝေလျှံက သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ယနေ့မှာတော့ဝေလျှံတို့ ဇနီးမောင်နှံက မင်္ဂလာသက်တမ်း(၁၁)နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာတော့ ကြည်နူးစရာကောင်းတဲ့ ပုံလေးတွေနဲ့ အမှတ်တရစကားလေးတွေကိုလည်း ပြောလာခဲ့ပါတယ်။

Photo Credit- Wai Hlian Phyo fb account
Photo Credit- Wai Hlian Phyo fb account
Photo Credit- Wai Hlian Phyo fb account
Photo Credit- Wai Hlian Phyo fb account

"ချစ်ရပါသော ချစ်သူ ချစ်ရပါသော မိန်းမ ချစ်ရပါသော Frank & Tank အမေ နဲ့ ချစ်ခွင့်ရသော နေ့ လေး ဟာ ဆိုရင် ဖြင့် ၁၁ နှစ်ပြည့်ခဲ့ပါပြီ ....ဟတ် ပီး အန် နီ ဗာ စ ရီ ပါ သဲလေးရေ ...ဒီထက်ပိုတဲ့နားလည်မှုနဲ့ အချစ်တွေအပြည့်နဲ့ သား၂ယောက်အတွက်ရော ပိုကြိုးစားပြီး သာယာပျော်ရွှင်တဲ့ ဘဝကို အတူ ဆက်လက်တည်ဆောက်ကြမယ်နော် ဆထက်တိုးတဲ့ အချစ်တွေနဲ့ အမြဲချစ်ကြမယ်နော် " ဆိုပြီး ရေးသားထားပါသေးတယ်။ ချစ်ပရိသတ်ကြီးလည်း မင်္ဂလာသက်တမ်း ၁၁ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဝေလျှံတို့ဇနီးမောင်နှံကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်။

Photo Credit- Wai Hlian Phyo fb account
Photo Credit- Wai Hlian Phyo fb account
Photo Credit- Wai Hlian Phyo fb account
Photo Credit- Wai Hlian Phyo fb account

သတင်း အရင်းအမြစ်Source - Wai Hlian Phyo fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T