ဝါရင့်မင်းသမီးကြီး ဆောင်းအိန္ဒြေထွန်းက တစ်ချိန်ကအနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ နေရာတစ်ခုကိုရပ်တည်ထားနိုင်တဲ့ သူပဲဖြစ်ပါတယ်။ လတ်တလောမှာ ဆောင်းအိန္ဒြေထွန်းကတော့ အနုပညာလှုပ်ရှားမှုအနေ့နဲ့ ကြော်ငြာတွေကို များစွာ လက်ခံရိုက်ကူးနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ချစ်တဲ့သူတွေက ယခုနောက်ပိုင်းမှာ မမဆောင်းလို့လည်း ချစ်စနိုးနဲ့ ခေါ်ကြတာကို တွေ့ရပါတယ်
သူမဟာ တမူထူးခြားတဲ့ အလှတရားတွေအပြင် ဆွဲဆောင်မှုရှိတဲ့ လုံးကြီးပေါက်လှ ခန္ဓာကိုယ်လေးကြောင့် ပျိုမေလေးတွေက အားကျနေရတာဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း ဆောင်းအိန္ဒြေထွန်းက အနုပညာလှုပ်ရှားမှုတွေအပြင် အလန်းစားပုံလေးတွေကို ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာတော့ ဆောင်းအိန္ဒြေထွန်းက အရင်ပုံစံတွေလို မတူတဲ့ အလန်းစားပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ ဆောင်းအိန္ဒြေထွန်းက မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားတွေဖြစ်တဲ့ ကျော်မင်းဦး ၊ နန္ဒကျော် ၊ မောင်မောင်လွင်၊ ရဲမင်းသူ တို့နဲ့အတူ အကြမ်းစားပို့စ်တွေပေးပြီး ပရိသတ်တွေအမြင်စမ်းသွားအောင် ရိုက်ပြထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဆောင်းအိန္ဒြေထွန်းက " မောင်လေး ဘောလုံးသမားတွေ ကလည်း ချစ်ဖို့ကောင်းတယ်ဆိုရင် ကိုကိုတွေက စိတ်ဆိုးမှာလားဟင် ခစ် ..အားပေးပါနော် အဖွဲ့လိုက် ကြိုးစားမှုလေးပါနော်" ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း မမဆောင်းရဲ့ အမိုက်စားပုံလေးတွေကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။
သတင်း အရင်းအမြစ်៖ Source: Min Khant Thaw