အခုတစ်မျိုး တော်ကြာတစ်မျိုး လုပ်တတ်တဲ့ ယောကျာ်းလေးတွေရဲ့ အချိုးတွေကိုပြောပြထားတဲ့ အေးသိတာရဲ့ ချစ်စရာ tik tok ဗီဒီယို

//s9.kh1.co/0b/0b568211d7e81997e23371912baa1981f18ab5a4.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်ပို့,ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ အေးသိတာကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို ဆယ်စုနီးပါးမက လုပ်ကိုင်လာခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် အောင်မြင်မှုတွေရရှိထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အေးသီတာ က အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit- Aye Thida fb account
Photo Credit- Aye Thida fb account
Photo Credit- Aye Thida fb account
Photo Credit- Aye Thida fb account

အေးသီတာ အမြဲပျော်ပျော်ပါးပါးနေတတ်တဲ့သူဖြစ်သလို စိတ်သဘောထား ပြည့်ဝပြီးဖော်ရွေတဲ့သူဖြစ်တာကြောင့် အနုပညာမောင်နုမတွေကလည်း ချစ်ခင်နေရတာ ဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း အေးသီတာ က အပျင်းအပြေ tik tok လေးတွေဆော့ကစားတာတွေ့ရပါတယ်။ ယခုမှာလည်း အေးသီတာ က မြင်သူချစ်အားပိုလောက်မယ့် tik tok လေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- Aye Thida fb account
Photo Credit- Aye Thida fb account
Photo Credit- Aye Thida fb account
Photo Credit- Aye Thida fb account

ဒီဗီဒီယိုလေးထဲမှာတော့ အေးသီတာ က ခေတ်စားနေတဲ့ tik tok လေးကို ကိုယ်ပိုင်ဟန်လေးနဲ့ အသည်းယားစရာကောင်းအောင် ဆော့ကစားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း အေးသီတာ ရဲ့ tik tok လေးကို သဘောကျချစ်ခင်မယ်လို့မျှော်လင့်မိပါတယ်။ အမြဲပျော်ရွှင်စွာနေတတ်တဲ့ အေးသီတာကို အရင်ကထက် ပိုပိုချစ်ပေးပါဦးနော်...။

သတင်း အရင်းအမြစ်VideoCredit & Source - Aye Thida fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T