မြင်နေကျပုံစံတွေထက် တမူထူးခြားနေပြီး လွတ်လပ်ပေါ့ပါးစွာ စက်ဘီးလေးစီးနေတဲ့ ဖြူဖြူထွေးရဲ့ ချစ်စရာ tik tok ဗီဒီယို

//s9.kh1.co/d8/d8d968cc0d3a9dbde8862309b38e51723aefec89.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဖြူစင်ရိုးသားတဲ့ စိတ်ထားလေးတွေအပြင် လေးစားအတုယူစရာ အပြုအမူလေးတွေကြောင့် အချိန်အတိုတွင်း လူအများရဲ့ ချစ်ခင်မှုတွေကို ရရှိထားခဲ့တဲ့သူကတော့ မင်းသမီးချောလေး ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။ သူမဟာ ယုံကြည်ရာလမ်းကို အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းဖို့အတွက် ဝေဖန်မှုတွေကြားထဲကနေ ကြိုးစားလာတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့် ကြော်ငြာတွေအပြင် ဗီဒီယိုဇာတ်ကားတွေကို မနားတမ်းရိုက်ကူးနေရတာ တွေ့ရပါတယ်။

Photo Credit- Phyu Phyu Htwe fb account
Photo Credit- Phyu Phyu Htwe fb account
Photo Credit- Phyu Phyu Htwe fb account
Photo Credit- Phyu Phyu Htwe fb account

ဖြူဖြူထွေးရဲ့ လေးစားရတဲ့ အပြုအမူလေးကတော့ အနုပညာမှရရှိတဲ့ ငွေကြေးတချို့ကို လိုအပ်နေတဲ့ သူတွေအတွက် မကြာခဏလှူဒါန်းပေးတတ်တာကြောင့် ဆိုရင်လည်း မမှားပါဘူးနော်။ လတ်တလောမှာလည်း သူမက အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ဖော်ပြပေးပါတယ်။ ယခုမှာတော့ သူမရဲ့ tik tok account မှာ ပရိသတ်တွေချစ်အားပိုမယ့် ဗီဒီယိုကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- Phyu Phyu Htwe fb account
Photo Credit- Phyu Phyu Htwe fb account
Photo Credit- Phyu Phyu Htwe fb account
Photo Credit- Phyu Phyu Htwe fb account

ဒီဗီဒီယိုလေးထဲမှာတော့ ဖြူဖြူထွေး က ကိုရီးယားမင်းသမီးလေးလို ချောမောနေပြီး စက်ဘီးစီးနေတာလေးကို ရိုက်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝတ်ဆင်ထားတဲ့ဖက်ရှင်လေးက ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းပြီး လိုက်ဖက်နေတာ တွေ့ရပါတယ်။ ကဲ....ပရိသတ်ကြီးရေ စက်ဘီးလေးစီးပြီး ချစ်စရာကောင်းနေတဲ့ ဖြူဖြူထွေး ရဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Video Credit & Source - Phyu Phyu Htwe Tik Tok Acc

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T