မျက်နှာပေါ်မှာ ဝက်ခြံလေးတွေမထွက်အောင် ဒီနည်းလမ်းလေးတွေနဲ့ ကာကွယ်ကြမယ်

//s9.kh1.co/9a/9acd15f4020abf29c33b9eab5139b6e629e00f76.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မျက်နှာဆိုတာဟာ လူတိုင်းတန်ဖိုးထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဂရုစိုက်ပေးဖို့လည်း လိုအပ်ပါတယ်။မျက်နှာပေါ်မှာ ဝက်ခြံတွေထွက်လာတဲ့ အခါမျိုးမှာဆိုရင် လူတော်တော်များများဟာ စိတ်ညစ်တတ်ကြပြီး ဒီဝက်ခြံတွေကြောင့်ပဲ လူတွေနဲ့ပြောဆိုဆက်ဆံရမှာကိုတောင် ကြောက်နေတတ်ကြပါတယ်။ဒါ့ကြောင့် ဒီတစ်ခေါက်မှာဆိုရင် မျက်နှာပေါ်မှာ ဝက်ခြံမပေါက်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းလေးအချို့ကို ပြောပြပေးချင်ပါတယ်။

photo credit - pngtree
photo credit - pngtree

ပထမဆုံးအနေနဲ့ကတော့ မျက်နှာကိုလက်ဖြင့် မကြာခဏကိုင်တွယ်ခြင်းကိုရှောင်ကြဉ်ပေးပါ ။ ဘာကြောင့်လဲဆိုရင် မျက်နှာကို လက်ဖြင့်မကြာခဏကိုင်တွယ်ခြင်းက အဆီထွက်ရှိမှုကို အားပေးပြီး ဘက်တီးရီးယားပိုးမွှားတွေကို ပိုမိုပေါက်ဖွားစေတာကြောင့်ပဲ ဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ အိပ်ရေးပျက်တာတွေကိုလည်း ရှောင်ရှားပြီး စောစောလေး အိပ်ရေးဝအောင် အိပ်ပေးသင့်ပါတယ်။

photo credit - pngtree
photo credit - pngtree

နောက်ဆုံးတစ်ခုအနေနဲ့ကတော့ ဆံသားအတွက် ထုတ်လုပ်ထားတဲ့ပစ္စည်းများကို သုံးစွဲရာမှာအဆီပါဝင်မှုကင်းတဲ့ ထုတ်ကုန်များကိုသာရွေးချယ်ပေးပါ။ ၎င်းထုတ်ကုန်တွေမှာပါဝင်တဲ့ အဆီတွေက ဆံသားမှတဆင့်မျက်နှာပေါ်တွင် ကပ်ညှိနေနိုင်ပြီး ချွေးပေါက်တွေပိတ်ဆို့စေတာကြောင့် ဖြစ်ပါတယ်။ နောက်ထပ်နောက်ထပ် ဝက်ခြံကာကွယ်နိုင်တဲ့ နည်းလမ်းတွေ များစွာရှိပေမယ့် ဒီနည်းလမ်းလေးဟာ လွယ်လွယ်ကူကူနဲ့ လိုက်လုပ်နိုင်လောက်တဲ့ နည်းလမ်းလေးတွေဖြစ်တာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။

photo credit - pngtree
photo credit - pngtree

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T