လူကြိုက်အရမ်းများခဲ့တဲ့ ကမ္ဘာကျော်ဆယ်လီတွေရဲ့ ပုံရိပ်တွေကို ဟာသအနေနဲ့ ပြန် troll တဲ့သူလေးတစ်ယောက်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
သူမကတော့ Celeste Barber ဖြစ်ပြီး သြစတြေးလျ နိုင်ငံအတွင်းမှာ နာမည်ကြီးတဲ့ မင်းသမီးတစ်ဦးပဲဖြစ်ပါတယ်။
သူမဟာမင်းသမီးတစ်ဦးဆိုပေမယ့် ဟာသဉာဏ်ရွှင်သူ တစ်ဦးဖြစ်တာကြောင့် အခုလိုပြန် troll တာဖြစ်ပြီး သူမပြန်လုပ်လိုက်တဲ့ ပုံတိုင်းကလည်း တော်တော်လေးကို ရယ်စရာကောင်းပါတယ်။
ပုံအစစ်နဲ့ သူမပြန် troll ထားတဲ့ပုံနှစ်ပုံကို ယှဉ်တွဲမြင်နေရတာနဲ့တင် မရယ်ပဲ မနေရလောက်အောင် ဖြစ်နေပြီး ပုံတိုင်းကလည်း ဟာသ သဘောဆောင်နေတာကြောင့် ပြုံးမိမှာတော့ အမှန်ပါပဲ။
အခုလို ဟာသပုံစံနဲ့ troll တတ်တဲ့ Celeste barber ဟာ Instagram မှာဆိုရင်လည်း follower 7.6 million ကျော်လောက်ထိတောင် ရရှိထားတာပဲဖြစ်ပါတယ်။
သူမ troll ထားတဲ့ပုံလေးတွေဟာ ဘယ်လောက်တောင်ရယ်စရာကောင်းနေလဲဆိုတာကို ပရိသတ်တွေကို ဖော်ပြရင်း အပြုံးလေးတွေဝေဝေဆာဆာနဲ့ ရယ်မောနိုင်စေဖို့အတွက် ဒီသတင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Celeste Barber instagram