ရေကူးသင်ပြီးအချိန်ခဏအတွင်းရေကူးတက်သွားတဲ့သားလေး​ကြောင့် ဝမ်းသာပီတိဖြာကာ ခင်ပွန်းကိုကျေးဇူးတင်စကားတွေပြောနေမိခဲ့တဲ့ ဆုပန်ထွာ

//s9.kh1.co/12/12e6b1b613f17aaf150cd5b27126fd8d1a8b1972.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

ရေကူးသင်ပြီးအချိန်ခဏအတွင်းရေကူးတက်သွားတဲ့သားလေး​ကြောင့် ဝမ်းသာပီတိဖြာကာ ခင်ပွန်းကိုကျေးဇူးတင်စကားတွေပြောနေမိခဲ့တဲ့ ဆုပန်ထွာ

မင်းသမီးဆုပန်ထွာကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်နေခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကိုတည်ဆောက်ထားပြီး သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။ သူမကတော့ ယခုမှာ ရေကူးသင်ပြီးအချိန်ခဏအတွင်းရေကူးတက်သွားတဲ့သားလေး​ကိုကြည့်ပြီး မိခင်တစ်ယောက်အနေနဲ့ဝမ်းသာပီတိဖြာနေခဲ့ပါတယ်။

Photo Credit: Amazing Grace 
Photo Credit: Amazing Grace 
Photo Credit: SupanHtwar 's facebook acc
Photo Credit: SupanHtwar 's facebook acc

သူမကတော့ " ဒီနေ့ American Club မှာသူ့ဒယ်ဒယ်ရေကူးသင်ပေးတာ ဒီနေ့တန်းကူးနိုင်သွားတဲ့ မာမားသားလေး။ကိုယ်လည်းသားလေး ကြည့်ပြီးပီတိတွေဖြစ်လို့ပေါ့။ ရေလမ်းခရီးနဲ့ပက်သက်ရင်ဘဝမှာ သားလေးကိုစိတ်ချလို့ရပီလေ။ သူ Roar Roar Kyaw ရေကူးတတ်ပြီကိုး။ ကိုယ်ကအရင်ဆုံးရေထဲမှာခြေထောက်ခပ်ပါသားရဲ့ လက်ကဒီလိုယက်ပါသားရဲ့ မျိုးစုံသင်ပေးတာ မတတ်ပဲ၊ သူ့ဒယ်ဒယ်က Video ထဲကအတိုင်းလက်ယက်တာသင်ပေးထာ ချက်ချင်းကူးနိုင်သွားတယ်။ အမေတစ်ယောက်အနေနဲ့ဒီသားအဖကြည့်ပြီး ပီတိအပြည့် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: SupanHtwar 's facebook acc
Photo Credit: SupanHtwar 's facebook acc
Photo Credit: SupanHtwar 's facebook acc
Photo Credit: SupanHtwar 's facebook acc

သူမကတော့ " အိမ်ရောက်တော့ သားလေးကိုရေကူးတတ်အောင်သင်ပေးတတ်လို့ ‌ဒယ်ဒယ့် Okkar Kyaw ကိုကျေးဇူးတင်စကားလေးပြောမိတဲ့အထိပါ။နောက်တွေးမိတာလေးတစ်ခု အရည်အချင်းရှိတဲ့သားကိုပေးထားတဲ့ Grandpa နဲ့ Grandma ကိုလည်းရင်ထဲအမြဲကျေးဇူးတင်ရင်း "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သားလေးကိုစနစ်တကျနဲ့ရေကူးသင်ပေးနေတဲ့ ဆုပန်ထွာခင်ပွန်းရဲ့ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။

Source: SupanHtwar 's facebook acc

Photo Credit: SupanHtwar 's facebook acc
Photo Credit: SupanHtwar 's facebook acc
Photo Credit: SupanHtwar 's facebook acc
Photo Credit: SupanHtwar 's facebook acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T