Rolf Buchholz ဆိုတဲ့ ကမ္ဘာပေါ်မှာ ခန္ဓာကိုယ် ထိုးဖောက်မှု အများဆုံး လူသား

//s9.kh1.co/55/55a8a1253a727674dce1abebfcfaf1205f82440e.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဂျာမနီလူမျိုးတစ်ယောက်ဖြစ်တဲ့ Rolf Buchholz ဟာဆိုရင် ဂင်းနစ်စံချိန်၀င်ထားတဲ့ ခန္ဓာကိုယ်အတွင်း ထိုးဖောက်မှုအများဆုံး ပြုလုပ်ထားတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ခန္ဓာကိုယ်ကို့ထိုးဖောက်မှုပေါင်း ၅၁၆ကြိမ်ထက် ပိုမိုပြုလုပ်ထားပေမယ့် ယနေ့ထိ မပြီးသေးပါဘူးလို့ပြောပြခဲ့ဖူးပါတယ်။ အဲ့လိုမျိုး အများကြီး ပြုလုပ်တာတောင်မှ မပြီးသေးဘူးဆိုတော့ ပရိသတ်ကြီးလဲ အံ့ဩမိမယ်ထင်ပါတယ်။ သူရဲ့အသက်ဟာ‌ဆိုရင်လဲ ၆၀ကျော်ရှိနေပါပြီ။

https://s9.kh1.co/__image/w=650,h=407,q=100/ea/ea5eedabfd4f9e76b7803e0bb5900366a01a9ffc.jpg
https://s9.kh1.co/__image/w=650,h=975,q=100/d6/d625407daa8e8d79e1cbf00d55b1fc7fdb660d54.jpg

သူရဲ့ ခန္ဓာကိုယ်ထိုးဖောက်မှု ခရီးစဉ်ကို အသက် ၄၀မှာစတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ပထမဆံုးအနေနဲ့ တက်တူးထိုးခဲ့ပြီး နားကပ်တွေဖောက်ခဲ့ပါတယ်။ နှစ်၂၀အကြာမှာတော့ သူဟာ သူရဲ့ နှုတ်ခမ်း၊ နှာခေါင်း၊ မျက်ခုံးတို့အပြင် သူရဲ့နဖူးပြင်ကိုလဲ ဂျိုအသေးနှစ်ခုပြလုပ်ခဲ့ပါတယ်။ " ခန္ဓာကိုယ်ကို ခုလိုတွေ ပြုလုပ်လိုက်တာက အပြင်ပိုင်းပါပဲ...ကျွန်တော်ကိုတော့ ပြောင်းလဲလိုက်တာမဟုတ်ပါဘူး...ကျွန်တော်က ကျွန်တော်ပါပဲ " လို့ Rolf ကပြောခဲ့ဖူးပါတယ်။

https://s9.kh1.co/__image/w=600,h=750,q=100/b0/b0cb0f2f745de85a1671314079a453738f54744a.jpg
https://s9.kh1.co/__image/w=650,h=836,q=100/8c/8ce67181b2c21b85cc69765a4a54cde345323fd7.jpg

လူတွေအနေနဲ့လဲ ဝါသနာပါလို့ ကြိုက်နှစ်သက်လို့ ခန္ဓာကိုယ်ပေါ်မှာ တက်တူးတွေထိုး နားကပ်တွေဖောက်ပေမယ့် သူတို့ရဲ့အတွင်းစိတ်မှာတော့ ပြောင်းလဲသွားချင်မရှိပါဘူး။ ‌လူတော်တော်များများကတော့ Rolf လိုပဲ အပြင်ပိုင်းမှာ ကြည့်ရဆိုးပေမယ့် သူတို့အနေနဲ့တော့ အတွင်းပိုင်းမှာ သဘောမနှောကောင်းတက်ကြပြီး စိတ်ထားလဲ ကောင်းမွန်တက်ကြပါတယ်။ ဒါကြောင့်လူတစ်ယောက်ကို အပြင်ပိုင်းကြည့်ပြီး မဆုံးဖြတ်တတ်ကြစေဖို့ ပရိသတ်ကြီးကို Message ပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/2c/2c437986d953d0062c857aac7e775b48b0fad4b0.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T