Universal ကြီးထဲမှာဆိုရင် ကမ္ဘာအပြင် တခြားသော ဂြိုလ်ပေါင်းများစွာလဲတည်ရှိနေတယ်ဆိုတာကို ပရိသတ်ကြီးအနေနဲ့ သိရှိကြမှာပါ။ အဲ့ထဲကမှ မိမိတို့နေထိုင်ရာ ကမ္ဘာဆိုတာသာလဲ ဂြိုလ်တစ်ခုဆိုတာကို မမေ့သင့်ပါဘူး။ တခြားဂြိုလ်တွေမှာ နေထိုင်တဲ့သူတွေကလဲ မိမိတို့ကို ဂြိုလ်သားလို့ သတ်မှတ်ထားကြမှာပါပဲ။ ဒါကြောင့် တခြားဂြိုလ်ကလို့တောင်ထင်ရတဲ့ ကမ္ဘာကြီးပေါ်က အထူးအဆန်းနေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ခုအပေါ်မှာဖော်ပြထားတဲ့ သစ်ပင်ဟာဆိုရင် Socotra Island, off of Yemen မှာရှိတဲ့ ထူးဆန်းတဲ့သစ်ပင်တစ်မျိုးဖြစ်ပါတယ်။ အပင်တွေကိုခုတ်လိုက်ရင် သွေးလိုမျိုးအနီရောင်အရည်ေတွကုိ တွေ့ရှိရမှာပါ။ အဲ့အပင်တွေကို တခြားသောနေရာတွေမှာ တွေ့ရှိရမှာမဟုတ်ပါဘူး။ နောက်တစ်ခုကတော့ ဖော်ပြထားတဲ့ ဆာလ်ဖာကန်ကြီးကတော့ Ethiopia မှာတည်ရှိတဲ့ကန်ကြီးဖြစ်ပါတယ်။ အဲ့နေရာကတော့ ကမ္ဘာပေါ်မှာ အသက်ရှုမရဆုံးနေရာ တစ်ခုဖြစ်ပါတယ်။ တခြားဂြိုလ်တွေမှာလဲ အဲ့လိုရေကန်ရှိလောက်တယ်။
နမီးဘီးယားရှိ Deadvlei သည် ခြောက်သွေ့နေသော နေရာဖြစ်ပြီး စိတ်ညစ်စရာကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အဲ့နေရာမှဆိုရင် ခြောက်သွေ့နေတဲ့အရိုးစုတွေလို Acacia သစ်ပင်တွေကို မြင်တွေ့ရမှာပါ။ တရုတ်ပြည်ရဲ့ Zhangye Danxia တောင်ဟာဆိုရင် အနီရောင်သဲကျောက်တွေကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး နှစ်ပေါင်း သန်း ၂၇ နှစ်လောက် ရှိပါပြီ။ ဒါကြောင့် တောင်ဟာ နီနေတာပါ။ ခုဖော်ပြထားတဲ့ နေရာတွေအပြင် တခြားသော ထူးဆန်းတဲ့ နေရာပေါင်းများစွာလဲ တည်ရှိနေသေးတာမို့ စောင့်မျှော်ဖတ်ရှူလိုက်ကြပါအုန်း။
သတင်း အရင်းအမြစ်៖ Alien Planet