သားလေး ဂေါက်ရိုက်ကစားနေတာကို အနားကနေဘုရားစာရွတ်ဖတ်ပြီး စောင့်ဆိုင်းနေကာ အချိန်ကိုအကျိုးရှိစွာ ကုန်ဆုံးနေတဲ့ ထွန်းအိန္ဒြာဗိုလ်

//s9.kh1.co/67/67f6e51e6ede36a87dd0afb231c091d340c89e66.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်က တော့ အနုပညာလောကမှာ အောင်မြင် ကျော်ကြားလူကြိုက်များခဲ့တဲ့ သူပဲဖြစ်ပါတယ်။ဒါ့အပြင် ထွန်းအိန္ဒြာဗိုလ်က သရုပ်ဆောင်နယ်ပယ်မှာသာ မကပဲ ဂီတလောကမှာလည်း နေရာတစ်နေရာကို ရပ်တည်ထားပါသေးတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို အနည်းအကျဥ်းမျှသာ လုပ်ကိုင်ပြီး ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေတာ တွေ့ရပါတယ်။

Photo Credit- Htun Aeindra Bo fb page
Photo Credit- Htun Aeindra Bo fb page
Photo Credit- Htun Aeindra Bo fb page
Photo Credit- Htun Aeindra Bo fb page

ထွန်းအိန္ဒြာဗိုလ်က ပျော်ရွှင်တဲ့မိသားစုလေးကို တည်ဆောက်ထားပြီး ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သားလေးက ဂေါက်ရိုက်ကစားနည်းကို အလွန်းဝါသနာပါတာကြောင့် လိုလေသေးမရှိအောင် နောက်ကနေပံံ့ပိုးပေးတာကိုလည်း တွေ့ရပါတယ်။ သားလေး ဂေါက်ရိုက်းကစားရင် အမြဲအနောက်ကနေ အဖော်ပြုလိုက်ပေးတဲ့ ထွန်းအိန္ဒြာဗိုလ်က ယခုမှာပရိသတ်တွေကြည်နူးစေမယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- Htun Aeindra Bo fb page
Photo Credit- Htun Aeindra Bo fb page
Photo Credit- Htun Aeindra Bo fb page
Photo Credit- Htun Aeindra Bo fb page

ဒီပုံလေးတွေကတော့ ထွန်းအိန္ဒြာဗိုလ်ဟာ သားလေး ဂေါက်ရိုက်းကစားတဲ့ နောက်ကိုအဖော်ပြုလိုက်ပေးရင်း အချိန်ကိုအကျိုးရှိရှိအသုံးချတဲ့အနေနဲ့ ဘုရားစာရွတ်ဖတ်နေတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ထွန်းအိန္ဒြာဗိုလ်က " နေရာတိုင်းမှာ စောင့်ဆိုင်းနေရတော့လည်း ....ဘုရားစာရွတ်ဖတ်ဖို့ အချိန်တွေ ရတာပေါ့လေ ...." ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ပရိသတ်တွေလည်း ထွန်းအိန္ဒြာဗိုလ်ရဲ့ ဘုရားစာရွတ်ဖတ်နေတဲ့ ပုံလေးတွေကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

Photo Credit- Htun Aeindra Bo fb page
Photo Credit- Htun Aeindra Bo fb page
Photo Credit- Htun Aeindra Bo fb page
Photo Credit- Htun Aeindra Bo fb page

သတင်း အရင်းအမြစ်Source- Htun Aeindra Bo fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T